ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မြို့နယ်ကို စစ်ကြောင်းထိုးလို့ ရွာပေါင်းရှစ်ရွာလောက် ဘေးလွတ်ရာပြေးနေရပြီး ဒေသခံတွေ သေဆုံးမှုရှိနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက ဇန်ဝါရီ ၁၉ရက်ကစပြီး ၂၄ ရက်အထိဆက်တိုက်စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဒေသခံရွာပေါင်း ၈ ရွာလောက် နေအိမ်စွန့်ခွာပြီးဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ရွာပေါင်း ၆ ရွာက နေအိမ်တွေကိုလည်းစစ်ကြောင်းထိုးတဲ့ကာလတလျောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းက ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကြောင်းထိုးရင်းပစ်ခတ်မှုတွေကြားမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းကို တင့်ကားတွေ ပေးပို့ဖို့ အမေရိကန်နဲ့ ဂျာမနီ စတင်ပြင်ဆင် 

ယူကရိန်းအတွက် ပင်မ တိုက်ပွဲဝင် တင့်ကားကြီးတွေ ပေးပို့သွားဖို့ အစဉ်တစိုက် ငြင်းဆန်နေတဲ့ ခေါင်းမာမှုကို အမေရိကန်ရော၊ ဂျာမနီပါ စွန့်လွှတ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။  အဲဒီ အနောက်နိုင်ငံ နှစ်ခုက သတင်းတွေရဲ့ အဆိုအရ အမေရိကန် သမ္မတ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကိုဗစ်ကြောင့် သေနှုန်း ပြန်တက်လာတဲ့အပေါ် WHO အကြီးအကဲ စိုးရိမ်နေ 

ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့မှာ သေဆုံးမှုတွေ ပြန်လည် မြင့်တက်လာတဲ့အပေါ် အလေးအနက် စိုးရိမ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။  ဒီအခြေအနေက ကိုဗစ်နဲ့ ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် အရေးပေါ် အခြေအနေ ကြေညာထားမှုကို [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အင်္ဂလန်ရဲ့ တန်ဖိုးအမြင့်ဆုံး ကလပ်အသင်းအဖြစ် မန်ချက်စတာ ယူနိုက်တက် ဆက်လက်ရပ်တည်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ်တွေထဲမှာ တန်ဖိုးအမြင့်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ကြီးကြီးမားမား အောင်မြင်မှုတွေ မရခဲ့တဲ့တိုင် အသင်းရဲ့ အစဉ်အလာ၊ အမှတ်တံဆိပ်တန်ဖိုး၊ ပုံရိပ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝမ်းဟိုင်းဌာနချုပ်အပေါ် တိုက်လေယာဥ် အနိမ့်ပျံသန်းမှု ရန်စစော်ကားတဲ့လုပ်ရပ်လို့ SSPP ပြော

ရှမ်းပြည်နယ်၊ကျေးသီးမြို့နယ် ဝမ်ဟိုင်းမြို့က ရှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ပေါ်ကနေ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ကအကြောင်းမကြားပဲ အနိမ့်ရှပ်ပျံသန်းမှုဟာရန်စစော်ကားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ SSPP/SSAဘက်က ပြောဆိုလိုက်ပါတယ်။ “ဒါဟာ ကင်းထောက်တာ မဟုတ်ဘူး၊ တိုက်ပွဲတွေမှာပြတဲ့ တိုက်လေယာဉ်ရဲ့ လုပ်နိုင်စွမ်းကို လာပြတဲ့သဘောဖြစ်တယ်၊ဒါမျိုး လေယာဉ်ရှိတယ်၊ ဒါမျိုးစွမ်းရည်ရှိတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူး ကညနရုံးမှာပေါက်ကွဲမှုဖြစ်ပြီးနောက် ဆိုင်ကယ်လိုင်စင်ထုတ်ပေးမှု ရက်အကန့်အသတ် မရှိ ပြန်လည်ရပ်နား

ပဲခူးတိုင်းအတွင်း လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ ဆိုင်ကယ်စီးနင်းသူတွေကို လိုင်စင် စတင်ထုတ်ပေးတဲ့ ဇန်နဝါရီ (၂၃)ရက်က ပဲခူးမြို့ ကညနရုံးမှာ ပေါက်ကွဲမှုဖြစ်တာကြောင့် လိုင်စင်ထုတ်ပေးမှုကို ရက် အကန့်အသတ်မရှိ ပြန်လည်ရပ်နားလိုက်တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “ပဲခူး ကညနရုံး(ဗုံး)ပေါက်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီးကြားတိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်ရှိဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး အကြားစစ်ကူလာတဲ့စစ်ကြောင်းတွေနဲ့ Lion Battalion Commando – ဗျူဟာစစ်ကြောင်း အကြား ဒီကနေ့ ဇန်နဝါရီ (၂၄)ရက် မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေ ပြီး စစ်ကောင်စီဘက်ကသုံးဦးသေဆုံးသလို ခြောက်ဦးကိုလည်း အရှင်ဖမ်းမိ ထားတယ်လို့ အဲ့ဒီစစ်ကြောင်းတာဝန်ရှိသူတဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံရေးပါတီဖျက်သိမ်းမှုတွေစဖို့ မင်းအောင်လှိုင် လေသံပေး

ရွေးကောက်ပွဲ လုပ်ဖို့ပြင်ဆင်နေချိန်၊အရေးပေါ်ကာ လသက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းသာလိုတော့ချိန်မှာ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းရေးလုပ်ငန်းစဥ်တွေစတင်ဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစတင်ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဇန်နဝါရီ (၂၃)ရက် မနေ့က လုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်သဘောထားတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်ကပြောဆိုခဲ့တာပါ။ အရင်က ကျင်းပခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘုရားသုံးဆူက ဌာနဆိုင်ရာ ရုံးတချို့ စီးနင်းမီးရှို့ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးတွေ ပစ် ခတ်နေ

  ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ ဇန်နဝါရီ ၂၃ ရက်မနေ့က ညပိုင်းက စစ် ကောင်စီ လက်အောက်ခံဌာနဆိုင်ရာရုံး လေးရုံ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မြို့ခံတွေကဆီက သိရ ပါ တယ်။ မြို့နယ်အထွေထွေအုပ်ချုပ်အုပ်ရေးဦးစီးဌာနရုံး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရုံး၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုးကုတ်မြို့နယ်အတွင်း PDF ရှေ့တန်းစခန်းတခု လေကြောင်း၊ကြည်းကြောင်းနဲ့စီးနင်းတိုက်ခိုက်ခံရ

မိုးကုတ်မြို့နယ်၊မိုင်းဟုန်းကျေးရွာ အနီးမှာရှိတဲ့ PDF တပ်ရင်း (၁၂၂၂) ရဲ့ ရှေ့တန်စခန်းတခုကို စစ် ကောင်စီက လေကြောင်း၊ကြည်းကြောင်း အင်အားအများအပြားနဲ့ စီးနင်းတိုက်ခိုက်လို့ စခန်းလက် လွှတ်လိုက်ရပြီး စစ်ကြောင်း မှူးတဦး ကျဆုံးသွားတယ်လို့ အဲ့ဒီတပ်ရင်း ပြောရေးဆိုခွင့်ရှိသူက DNA [ဆက်လက်ဖတ်ရှုရန်]