ပဲခူး ကညနရုံးမှာပေါက်ကွဲမှုဖြစ်ပြီးနောက် ဆိုင်ကယ်လိုင်စင်ထုတ်ပေးမှု ရက်အကန့်အသတ် မရှိ ပြန်လည်ရပ်နား

ပဲခူးတိုင်းအတွင်း လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ ဆိုင်ကယ်စီးနင်းသူတွေကို လိုင်စင် စတင်ထုတ်ပေးတဲ့ ဇန်နဝါရီ (၂၃)ရက်က ပဲခူးမြို့ ကညနရုံးမှာ ပေါက်ကွဲမှုဖြစ်တာကြောင့် လိုင်စင်ထုတ်ပေးမှုကို ရက် အကန့်အသတ်မရှိ ပြန်လည်ရပ်နားလိုက်တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“ပဲခူး ကညနရုံး(ဗုံး)ပေါက်လို့ အားလုံးကို ပြန်ခိုင်းတာ၊အထိအခိုက်တော့မသိဘူး၊ လုံခြုံရေးတင်း ကျပ် ထားတဲ့ကြားဖြစ်တာ၊ပြန်လုပ်ပေးမယ့်ရက်တော့မသိဘူး”လို့ ပဲခူး ကညနရုံးနဲ့ နီးစပ်သူတဦးက ပြော ပါတယ်။
ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်တွေ စတင်ပြုလုပ်ပေးတဲ့နေ့ကပဲခူးကညန ရုံးမှာ မနက်အ စောပိုင်း လေးနာရီဝန်းကျင်ကတည်းက လူအများအပြားလာရောက်တန်းစီစောင့်ဆိုင်းခဲ့ပေမယ့် မ နက်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် မနက်(၁၁)နာရီဝန်းကျင်မှာ လိုင်စင်ထုတ်ပေးမှု ရပ်နားတဲ့အ ကြောင်း အသိပေးလိုက်တာလို့ ပဲခူးမြို့ခံတွေကပြောပါတယ်။
ကညနရုံးပေါက်ကွဲမှုဖြစ်တဲ့ ပဲခူးမြို့မှာတင်မကဘဲ ပဲခူးတိုင်းအတွင်းမြို့နယ်တွေအားလုံးမှာ အဲ့ဒီအစီ အစဉ်ရပ်နားလိုက်တာဖြစ်တယ်လို့ ပြည်မြို့ခံတဦးကလည်း ပြောပါတယ်။
“ကညန ရုံးနောက်က ဘောလုံးကွင်းကြီးထဲမှာ တန်းစီစနစ်နဲ့ လုပ်ပေးတာ၊ အစစ်အဆေးလည်း များ တယ် သုံးထပ်လောက်ကိုချထားတာ၊ ကွင်းထဲရောက်ပြီးသားလူတွေက အပြင်ပြန်ထွက်လို့မရဘူး ကွမ်း ယာ၊ဆေးလိပ်၊သောက်ရေတောင်ထွက်ဝယ်လို့မရဘူး၊ ဒီမှာလည်းဘာမဖြစ်ပဲပိတ်လိုက်တာ”လို့ သူကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်းအတွင်းမှာ စစ်သားတွေ၊ရဲတွေနဲ့ ယာဉ်ထိန်းတွေက ဆိုင်ကယ် တွေကို အကြောင်းအမျိုးပြဖမ်းဆီးငွေညှစ်တာတွေရှိသလို ဆိုင်ကယ်မရပ်ပေးလို့ဆိုကာ ပစ်သတ်ခံရ သူတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီနောက် အခုလ (၂၃)ရက်ကနေ ဖေဖော်ဝါရီ(၂၃)ရက်အထိ တလကြာ ဆိုင်ကယ်လိုင်စင်တွေနဲ့ ယာဉ်မောင်းလိုင်စင်တွေထုတ်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ တိုင်းအစိုးရအဖွဲ့က ကြေ ညာခဲ့ပေမယ့် လိုင်စင်စလုပ်ပေးတဲ့နေ့မှာပဲ ဗုံးပေါက်လို့ဆိုကာ ပြန်လည်ရပ်နားသွားတာပါ။
ပဲခူးတိုင်းအတွင်းက ခရိုင်၊မြို့နယ် ကညန ရုံးအားလုံးလိုင်စင်ထုတ်ပေးမယ့်အစီအစဉ်ကို ပိတ်သိမ်း လိုက်တာဖြစ်ပြီး ပြန်လည်ပြုလုပ်ပေးမည့်ရက်ကို သတင်းထုတ်ပြန်တာမျိုးမရှိသေးဘူးလို့ သိရပါ တယ်။

Delta News

Read Previous

ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီးကြားတိုက်ပွဲပြင်းထန်နေ

Read Next

ဝမ်းဟိုင်းဌာနချုပ်အပေါ် တိုက်လေယာဥ် အနိမ့်ပျံသန်းမှု ရန်စစော်ကားတဲ့လုပ်ရပ်လို့ SSPP ပြော