ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီးကြားတိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်ရှိဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး အကြားစစ်ကူလာတဲ့စစ်ကြောင်းတွေနဲ့ Lion Battalion Commando – ဗျူဟာစစ်ကြောင်း အကြား ဒီကနေ့ ဇန်နဝါရီ (၂၄)ရက် မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေ ပြီး စစ်ကောင်စီဘက်ကသုံးဦးသေဆုံးသလို ခြောက်ဦးကိုလည်း အရှင်ဖမ်းမိ ထားတယ်လို့ အဲ့ဒီစစ်ကြောင်းတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

အရှင်ဖမ်းမိထားသူတွေဟာ ကျုံဒိုးအထိုင် တပ်ရင်း (၅၄၅)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ် လို့သိ ရပါတယ်။

“မနေ့ကရှစ်နာရီလောက်ထဲကစဗိုလ်လင်းယုန်ကဝင်ချတာခုတော့ဗိုလ်အယ်ဆေးဝါးကိုယ်တိုင်ဦးဆောင်ပြီးချနေတာ၊တိုက်ပွဲကတော့ကြမ်းလာဖို့ရှိတယ်၊ခုလဲကျုံဒိုးအခြေစိုက်တပ်ရင်းကိုဝိုင်းထားတယ်”လို့ Lion Battlion Commando က တာဝန်ရှိသူတဦးကပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲပြင်း ထန်နေတာကြောင့်ကြာအင်းဆိပ်ကြီးမြို့ပေါ် ကဒေသခံတွေပါထွက်ပြေး တိမ်း ရှောင်နေကြရတယ်လို့လည်းသိရပါတယ်။ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ဘုရားသုံးဆူမြို့မှာ မနေ့က ညပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးတွေကို ဗိုလ်လင်းယုန်ဦးဆောင်တဲ့ မြို့ပြ ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဒီကနေ့မှာလဲကျုံဒိုး – ညောင်ရိပ်သာကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ(၄၄) လက် အောက်ခံတပ်တွေ နှဲ့မဟာမိတ်ပူးပေါင်းစစ်ကြောင်းတွေအကြားတိုက်ပွဲဖြစ်းခဲ့တဲ့ပြီး စစ်ကောင် စီဘက်မှအခုချိန်အထိ ၃ ဦးသေကာ ၅ ဦးအပြင်းအထန်ဒါဏ်ရရပြီး စက်လက်MA2 တလက်သိမ်းဆ ည်းရမိထားတယ်လို့ Lion Battlion Commando ကထုတ်ပြန်ထားပါတယ်။

Delta News

Read Previous

နိုင်ငံရေးပါတီဖျက်သိမ်းမှုတွေစဖို့ မင်းအောင်လှိုင် လေသံပေး

Read Next

ပဲခူး ကညနရုံးမှာပေါက်ကွဲမှုဖြစ်ပြီးနောက် ဆိုင်ကယ်လိုင်စင်ထုတ်ပေးမှု ရက်အကန့်အသတ် မရှိ ပြန်လည်ရပ်နား