နိုင်ငံရေးပါတီဖျက်သိမ်းမှုတွေစဖို့ မင်းအောင်လှိုင် လေသံပေး

ရွေးကောက်ပွဲ လုပ်ဖို့ပြင်ဆင်နေချိန်၊အရေးပေါ်ကာ လသက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းသာလိုတော့ချိန်မှာ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းရေးလုပ်ငန်းစဥ်တွေစတင်ဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစတင်ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဇန်နဝါရီ (၂၃)ရက် မနေ့က လုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်သဘောထားတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်ကပြောဆိုခဲ့တာပါ။

အရင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေအရ ဝင်ပြိုင်တဲ့ပါတီတွေများပေမယ့် ရွေး ကောက်ပွဲအနိုင်ရပြီး လွှတ်တော်မှာပါဝင်ခွင့်ရတဲ့ပါတီအနည်းစုသာရှိတာကို တွေ့ရတယ်လို့ မင်းအောင်လှိုင်ကပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေမှတ်ပုံတင်ရေး လုပ်ဆောင်ရာမှာ ပါတီစုံ ဒီမိုကရေစီစနစ် အမြန်ပေါ်ထွန်းလာဖို့အတွက် ပါတီဖွဲ့စည်းခွင့်စည်းမျဉ်းတွေကို လျှော့ပေါ့ပေးခဲ့သလို ၂၀၁၀ရေွးကောက်ပွဲကို ဦးစီးပေးခဲ့တဲ့ နအဖ စစ်အစိုးရလက် ထက်မှာလည်း အလားတူဖြေလျှော့ပေးခဲ့တယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာ နိုင်ငံရေးပါတီတွေအများအပြားရှိနေပေမယ့် အဲ့ဒီပါတီတွေက ပါတီဝင်တွေအနေနဲ့ အစုအဖွဲ့တခုအနေနဲ့သာ လုပ်ဆောင်နိုင်ကြတာတွေ့ရပြီး ဧ ရိယာ၊အရေအတွက်၊နယ်ပယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် စုစည်းနိုင်မှုမရှိတာ တွေ့ရတယ်လို့ မင်းအောင် လှိုင်ကပြောပါတယ်။

ဒါကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ အခုထက်ပိုပြီး ကျစ်ကျစ်လျစ်လျစ်၊စည်းစနစ်တကျ ဖွဲ့စည်းနိုင်ဖို့လိုပြီး ပါတီမှတ်ပုံတင်ဥပဒေကို ပြန်လည်သုံးသပ်ပြီးနောက် ပြင်ဆင်သင့်တာတွေပြင်ရမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီထောက်ခံသူတွေကိုစုစုစည်းစည်းအင်အားရှိရှိနဲ့ ကိုယ်စားပြုနိုင်ဖို့လိုတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကိုထောက်ပြပြီးတော့လည်း စစ်ခေါင်းဆောင်က ပြောပါသေးတယ်။

NLD အစိုးရလက်ထက်က ကျင်းပခဲ့တဲ့ ၂၀၂၀ အ ထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၉၀)ကျော်ထဲက (၈၈)ပါတီ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး အဲ့ဒီအထဲက (၁၉)ပါတီသာ လွှတ်တော်မှာ အမတ်နေရာ ကိုယ်စားပြုခွင့်ရခဲ့တာပါ။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ မနေ့က စစ်ကောင်စီအစည်းအဝေးကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးလည်းတက်ခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကိုမှတ်ပုံတင်ခွင့်ပြုရာမှာ ဖွဲ့စည်း ပုံအ ခြေခံဥပဒေကိုချိုးဖောက်တဲ့ ပါတီတွေမဖြစ်ဖို့လိုတယ်လို့ မင်းအောင်လှိုင်က ထပ်ပြောပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးထွက်ပေါက်အတွက်လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး ဆန့်ကျင်ကြဖို့နဲ့ အဲ့ဒီရွေးကောက်ပွဲကိုကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေကပြောဆိုထုတ်ပြန်တာတွေရှိနေပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ မည်သည့်အခြေအနေရှိသည်ဖြစ်စေ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်တယ်လို့ မနေ့ကအ စည်းအဝေးမှာပြောပါတယ်။ 

နိုင်ငံတဝန်းအကြားအလပ်မရှိ ရွေးကောက်ပွဲကျင်း ပနိုင်ရေး၊ပြည်သူအားလုံး ခြိမ်းခြောက်အကျပ်ကိုင် မှုမရှိ လွတ်လပ်စွာမဲပေးနိုင်ရေး ဦးတည်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာသိမ်းခဲ့တဲ့စစ်ခေါင်း ဆောင်ကပြောပါတယ်။

NLD အစိုးရ လက်ထက် ၂၀၂၀ အထေထွေ ရွေး ကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့အ ကြောင်းပြချက်နဲ့ စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲစနစ်ကိုအရင်ကျင့်သုံးခဲ့တဲ့ နိုင်သူအကုန်ယူစနစ်ကနေ အချိုးကျ ကိုယ်စားပြုစနစ်သုံးမယ်လို့ လက်ဝေခံပါတွေရဲ့သဘောတူညီမှုနဲ့ပြင်ဆင်သတ်မှတ်ထားပါတယ်။