ဘုရားသုံးဆူက ဌာနဆိုင်ရာ ရုံးတချို့ စီးနင်းမီးရှို့ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးတွေ ပစ် ခတ်နေ

 

ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ ဇန်နဝါရီ ၂၃ ရက်မနေ့က ညပိုင်းက စစ် ကောင်စီ လက်အောက်ခံဌာနဆိုင်ရာရုံး လေးရုံ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မြို့ခံတွေကဆီက သိရ ပါ တယ်။

မြို့နယ်အထွေထွေအုပ်ချုပ်အုပ်ရေးဦးစီးဌာနရုံး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရုံး၊ စည်ပင်သာ ယာရေးရုံးနဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံး(စရဖ)တို့ကို အမည်မသိတော်လှန်ရေးအင်အားစု ပူးပေါင်း တပ်ဖွဲ့ တွေက ည ၉ နာရီကျော်မှာ လာရောက်တိုက်ခိုက်မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ မြို့ခံတစ်ဦးက DNA ကို အတည်ပြု ပြောဆိုပါတယ်။

“ ညက ကိုးနာရီလောက်ရှိမယ်၊ မီးစလောင်တာ၊ လ.ဝ.က၊ ထွေအုပ်၊ စရဖ၊ စည်ပင်ရုံးအကုန်လုံးပဲ၊ မီးရှို့ခံရတာ၊ ဘယ်အဖွဲ့ကလည်းတော့ သေချာမသိရပေမယ့်၊ တော်လှန်ရေးအဖွဲ့တွေထဲကပါပဲ၊ ပစ်တာပေါ့၊ လက်နက်ကြီးရော၊ လက်နက်ငယ်တွေရော ပစ်သံတွေကြားရတာ မိုးမလင်းခင်အထိပဲ၊ ဘယ်သူကမှ လာပြီး မီးကို မသတ်ရဲကြဘူး။ အားလုံးပြာကျကုန်တယ်” လို့သူကပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ ဘုရားသုံးဆူမြို့တဝိုက် တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားရာကျေးရွာ တွေဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်နေပေမယ့် မြို့တွင်းမှာတော့ စစ်ကောင်စီလက်အောက်ခံတပ်၊ ရဲတွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာမရှိဘဲ  ပုံမှန် အတိုင်း ရှိနေတယ်လို့ ဆိုပါတယ်။

 “တော်လှန်ရေးအင်အားစုတွေ ရှိနိုင်တဲ့နေရာတွေကို လှမ်းပစ်နေတာတော့ရှိတယ်၊ အများကြီးတော့ မဟုတ်ပေါ့၊ တလုံးနှစ်လုံးပစ်လိုက် ခဏနားလိုက်၊ ထပ်ပစ်လိုက်၊ အဲလိုမျိုးပေါ့နော်၊ အင်း.. မြို့ထဲမှာတော့ ရဲ၊ စစ်သားတို့ စစ် ဆေးနေတာလည်း မတွေ့ရဘူး၊ ပုံမှန်လိုလိုပဲ သွားလာနေကြတာတွေ့တယ်၊” လို့ ဘုရားသုံးဆူဒေသခံက  ပြော ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေမီးရှို့ခံရတဲ့ဖြစ်စဉ်မှာ လူထိခိုက်သေဆုံးတာမျိုး မရှိပေမယ့် စစ် ကောင်စီဘက်က လက်နက်ကြီးပစ်ခတ် မှုကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိတယ်လို့ ဒေသခံတွေကပြောကြပေမယ့် DNA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ ဘုရားသုံးဆူ ဒေသမှာ လှုပ်ရှားတဲ့ တော် လှန်ရေး အင်အားစုတွေက လက်ရှိအချိန်ထိ ထုတ်ပြန်တာ မရှိသေးပါဘူး။

 ဒေသခံ တော်လှန်ရေး အဖွဲ့ဝင်တဦးကတော့ ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီလက်အောက် တာဝန်ထမ်း ဆောင် နေတဲ့ ဝန်ထမ်းတွေအနေနဲ့ပြည်သူတွေနဲ့အမြန်ဆုံးလက်တွဲကာ CDM ပြုလုပ်ကြဖို့နဲ့ စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းနေကြမယ်ဆိုရင် အခုဖြစ်စဉ်ကို နမူနာယူကြဖို့ လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။

ကြားအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ဟာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ တည်ရှိပြီး ကရင်အမျိုး သား အစည်းအရုံး(KNU) ဒူးပလာယာခရိုင်နယ်မြေလည်းဖြစ်တာကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင် စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ မကြာခဏတိုက်ပွဲဖြစ်ခဲ့သလို စစ်ကောင်စီဘက်က တိုက်ခိုက်ရေး လေ ယာဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေလည်း လုပ်လေ့ရှိပါတယ်။

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှုတွေမှာတော့ အာဏာသိမ်းပြီးနောက် လဝကရုံး ခုနစ်ရုံးနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံး (၁၃)ခု တိုက်ခိုက်ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။