အားကစားကဏ္ဍ

ဗီလာရီးရဲလ် တိုက်စစ်မှူး ဒန်ဂျူးမားကို တော့တင်ဟမ်အသင်း အငှားခေါ်ယူ

တော့တင်ဟမ် ဟော့စပါး အသင်းဟာ စပိန်ကလပ် ဗီလာရီးရဲလ်ရဲ့ တိုက်စစ်မှူး အာနော့ထ် ဒန်ဂျူးမားကို အငှားခေါ်ယူလိုက်ပါတယ်။  အသက် ၂၅ နှစ်အရွယ် နယ်သာလန် လက်ရွေးစင်ကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အဲဗာတန်က အသည်းအသန် ချိတ်ဆက်ခဲ့ပေမယ့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိတ်မြို့နယ်မှာ ဆိုင်ကယ်စီးလာသူနှစ်ဦး ပေါက်ကွဲမှုဖြစ်ပြီးသေဆုံး

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ပြင်ကြီးရွာ ရန်ကုန်-မြိတ်အဝေးပြေးကားလမ်းမကြီးပေါ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦး ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးသွား တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်အမျိုးသားနှစ်ဦးက မဇောကျေးရွာ မရင်းငယ်လမ်းဆုံအရောက် အဝေးပြေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်ရှိအထိလက်နက်ကြီးတွေပစ်ခတ်နေ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး ဒီကနေ့ ဇန်နဝါရီ (၂၅)ရက်ညပိုင်းမှာလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေသလို လေ ယာဉ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတွေဆီကကသိရပါတယ်။ “အခုလက်ရှိအချိန်ထိ လေယာဉ်ပျံတွေ လာနေတုန်းပဲ၊ တစ်ခါလာရင် တစ်စီးပဲ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသ လိုတချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှား မှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။   စစ်ကောင်စီက သူတို့အာဏာတည်မြဲရေး နောက်ဆုံးထွက်ပေါက်အဖြစ် ရွှေးကောက်ပွဲဖြစ်အောင်န ည်းလမ်းမျိုးစုံနဲ့ကြိုးစားနေသလို နိုင်ငံအဝှမ်းကပြည်တွေကလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုမှာ ဘုရားဖူးကားပေါ်လက်နက်ကြီးကျလို့ တဦးသေ၊ခုနစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဒီကနေ့ (ဇန်နဝါရီ ၂၅ ရက်) နေ့လယ် ၁၂ နာရီလောက်က ကျိုက်ထီးရိုး ဘုရားဖူးလာတဲ့ ခရီးသွားဟိုင်းလတ်ယာဉ်ပေါ်ကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်နီစစ်ရှောင်စခန်းတွေအနီးကို စစ်တပ်ကလေကြောင်းကတိုက်ခိုက်နေ

ကရင်နီ(ကယား)လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းစစ်ဘေးရှောင်စခန်းနေရာအနီးမှာ  စစ်ကောင်စီတပ်က အခုဇန်နဝါရီလထဲမှာပဲ လေကြောင်းကတိုက်ခိုက်မှုတွေရှိနေလို့ စစ်ရှောင်တွေနေရာပြောင်းရွေ့မှုတွေလုပ်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေကပြောပါတယ်။ မနေ့ညနေပိုင်းက လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း တီးလုံကျေးရွာအုပ်စုက စစ်ရှောင်စခန်းတခုလေကြောင်းနဲ့တိုက်ခိုက်ခဲ့ရတဲ့အကြောင်း ဒေသတွင်းသတင်းတွေမှာလည်းဖော်ပြထားပါတယ်။ “ညနေ ၅နာရီ နဲ့ ၅နာရီခွဲ ဝန်းကျင်မှာ စစ်ရှောင်စခန်းပတ်လည်ကိုလေကြောင်းနဲ့ဗုံးကြဲသွားတာ။သုံးကြိမ်လာကြဲသွားတယ်။ဗုံးကြဲခံရတဲ့နေရာကလူနေထိုင်တာမရှိတော့ယာယီတဲတွေပဲထိသွားတယ်”လို့  စစ်ရှောင်စခန်းတာဝန်ရှိသူတဦးကလည်း DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဒဂုံမှာ မီးလောင်မှုဖြစ်ပြီး တအိမ်တည်းနေသူ လေးဦးသေဆုံး

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း (၃၃) ရပ် ကွက်၊ စိန်ပန်းမြိုင် (၁)လမ်းက နေအိမ် တလုံးမှာ ဒီကနေ့ ဇန်နဝါရီ (၂၅)ရက် မနက် ၂နာရီကျော်က မီးလောင်မှုဖြစ်ရာက တအိမ်တည်းနေသူ လေးဦး သေဆုံးသွားတယ်လို့သိရပါတယ်။ “ကျွန်တော်တို့ကို အကြောင်းကြားတာက [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

PR စနစ်ရွေးကောက်ပွဲနဲ့ တင်းကျပ်လာမယ့် ပါတီမှတ်ပုံတင်ဥပဒေ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို လက်ရှိထက် ပိုမို တင်းကျပ်တဲ့ ဥပဒေတရပ်အဖြစ် မြင်တွေ့လိုနေပါတယ်။ဒီအချက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ သူ့ရဲ့ပြောစကားတွေအရ သိနိုင်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ နအဖ စစ်အစိုးရလက်ထက်ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီရန်ကို ဦးတည်တဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှု အမေရိကန်နဲ့ အစ္စရေး စတင် 

အီရန်ကို ဦးတည်ပြီး အင်အားပြတဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကြီး တစ်ခုကို အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး စတင်နေပြီ ဖြစ်ပါတယ်။  ဇန်နဝါရီ ၂၃ ရက်က စတင်ပြီး တစ်ပတ်နီးပါး ကြာမြင့်မယ့် စစ်ရေး လေ့ကျင့်မှုကို Juniper [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းတပ်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြား ပုန်းရှောင်ရင်း ကလေးငယ်တဦးမွေးဖွား

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အခုဇန်နဝါရီလထဲစစ်ကောင်စီရဲ့ လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်မှုကြား ထွက်ပြေးပုန်းရှောင်ရင်း ဒေသခံတဦးကလေးမွေးဖွားခဲ့တယ်လို့ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ The Mindat Post ကဖော်ပြထားပါတယ်။ အခုဇန်နဝါရီတလတည်းမှာပဲ CDF မင်းတပ် ထိန်းချုပ်နယ်​မြေထဲက ဒေသခံတွေရှိရာကိုစစ်ကောင်စီက လေကြောင်းကနေ ၈ ကြိမ်အထိတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ လေကြောင်းနေပစ်ခတ်တိုက်ခိုက်မှုတွေအပြင် [ဆက်လက်ဖတ်ရှုရန်]