တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသ လိုတချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှား မှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။
 
စစ်ကောင်စီက သူတို့အာဏာတည်မြဲရေး နောက်ဆုံးထွက်ပေါက်အဖြစ် ရွှေးကောက်ပွဲဖြစ်အောင်န ည်းလမ်းမျိုးစုံနဲ့ကြိုးစားနေသလို နိုင်ငံအဝှမ်းကပြည်တွေကလည်း စစ်ကောင်စီရဲ့အတုအ ယောင်ရွေး ကောက်ပွဲကိုလက်မခံကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
 
လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းကဖြစ်ပါတယ်။
 
ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ မြင်းမူ၊ခင်ဦး၊မြောင်စတဲ့ မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုတွေ လုပ်ခဲ့သလို မန္တလေး ပြည်ကြီးတံခွန်၊တနင်္သာရီ လောင်းလုံးမြို့နယ်တွေမှာလည်း သပိတ်လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။
 
ဒါ့အပြင် သံဃတော်လှန်ရေး အင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိ အချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။
 
စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ် ဖော်ပြသ ခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။