ဆားလင်းကြီး၊ငွေသာရွာသား၇ဦးကို ဖမ်းဆီးပြီး အိမ်၆လုံးမီးရှို့

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ငွေသာ ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရွာသား ၇ဦးကို ဖမ်းဆီးပြီး နေအိမ်၆လုံးကို မီးရှို့ခဲ့ကြောင်းသိရပါတယ်။

ဒီနေ့မနက်မှာ ငွေသာရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ အင်အား၅၀ကျော်လောက်ရှိပြီး ငွေသာရွာကနေ သူဌေးကုန်းရွာဘက်ဦးတည်ထွက်ခွာနေတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက် နှာ ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

‘လက်ရှိအချိန်ထိတော့ ဘာသံမှထပ်မကြားသေးဘူး။သူဌေးကုန်းရွာဘက်အခြမ်းကတော့ ပြေးကုန်ပြီ။မပြေး ရင်လည်းအသတ်မခံရတောင် အဖမ်းခံရနိုင်တာကြောင့် သယ်နိုင်တာလေးသယ်ပြီးပြေးရတာ’လို့ ဆားလင်းကြီးမြို့နယ်အတွင်းရှိ PDFထောက်ပို့ရဲဘော်တစ်ဦးကပြောပါတယ်။

ဇွန်၉ရက်နေ့ကလည်း

ဆားလင်းကြီးမြို့ အမှတ်(၆)ချည်မျှင်အထည်စက်ရုံမှာ  တပ်စွဲထားတဲ့  အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက် ပစ်ခတ်ခဲ့ရာ လက်ပံကျွန်းရွာဘက်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ရွှေထောက်ကျေးရွာအနီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။