မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့မှ Local PDF တွေ ဝန်းရံပြီး ဆားလင်းကြီးမြို့နယ်ရှိ လူစည်ကားတဲ့ စျေးတစ်နေရာမှာ 7July နေ့အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ချီ တက်ခဲ့ကြပါတယ်။
“၇.၇.၆၂မမေ့ကြနဲ့” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည် အထိတွန်းလှန် ပုန်ကန်ပေးကြဖို့ ခေတ်အဆက်ဆက်ပေးဆပ်ခဲ့တဲ့လူငယ်တွေရဲ့အသက်တွေအတွက် ဒီခေတ်မှာ အပြီးသတ်ချေမှုန်းပစ်ကြဖို့တော်လှန်ရေးအရှိန်အဟုန်ကိုလူထုတစ်ရပ်လုံးပါဝင်ပြီးအရှိန်မြှင့်တင့်ကြဖို့ နဲ့အတူအညာဒေသကိုအညာကပြန်လှန်ကူညီဖေးမရင်း အားတင်းထားပေးဖို့ တိုက်တွန်းနှိုး ဆော်ခဲ့ကြပါတယ်။