No Picture
စစ်ကိုင်းတိုင်း

ဝမ်ပေါင်နဲ့ယန်စီ စီမံကိန်းတွေပြန်စမှာကို လက်မခံဘူးလို့သပိတ်အင်အားစုတွေသတိပေး

Photo – MUSU (ပုံဟောင်း) မေ ၊ ၁၅  စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆား လင်းကြီး မြို့နယ်မှာရှိတဲ့ မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီ ကြေးနီသတ္တုတွင်းစီမံကိန်းတွေ ပြန်လည်လုပ် ကိုင်ရေး  စစ်ကောင်စီတပ်နဲ့ ပူးပေါင်း ကြိုး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကူးတို့ဆိပ်ကို စစ်ကောင်စီတပ်သုံးရက်ပိတ်

ဇွန်၊၂၅ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို စစ်ကောင်စီမှ ဇွန်လ ၉ ရကမှ စပြီး ဒီကနေ့အထိ နေ့စဉ်မီးရှို့နေပြီး မုံရွာဘက်ခြမ်းသို့စက်လှေကူးခွင့်ကို မနေ့က စပြီးသုံးရက်ပိတ်လိုက်တယ်လို့  ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ‘’သုံးရက်ပိတ်လိုက်တာဗျ။ မုံရွာကို မည်သည့်စက်လှေမှအကပ်မခံတော့တဲ့ သဘောပါဗျ။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

Non CDM ဝန်ထမ်းတွေကို အရေးယူမယ်လို့ ဆားလင်းကြီးပြည်သူ့ကာကွယ်ရေး အဖွဲ့ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ဌာနဆိုင်ရာရုံးတွေမှာ စစ်ကောင်စီထောက်တိုင်အဖြစ်ရပ်တည် နေတဲ့ Non-CDM ဝန်ထမ်းကိုထိထိရောက်ရောက်အရေးယူမယ်လို့ အဲ့ဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။  Non CDM ဝန်ထမ်းတွေဟာ ပြည်သူ့လစာကို ခံစားနေပေမယ့် ပြည်သူကိုမျက်နှာမမူဘဲ ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်စစ်ကြောင်းထိုးနေတဲ့ဆားလင်းကြီးမှာ ဒေသခံတသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကျေးရွာတွေကို စစ်ကောင်စီတပ်က မွှေနှောက်မီးရှို့နေတာကြောင့် ကျေးရွာ ဆယ်ရွာက စစ်ရှောင် တသောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အစားအစာနဲ့ နေရာထိုင်ခင်းအခက်အခဲတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ဇန် နဝါရီ ၁၂ ရက်ကနေ လက်ရှိအချိန်ထိ ပိုင်းတောင်ကြီး၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းလည်ပတ်မှုပြန်လုပ်နေတယ်လို့ဆို

အာဏာမသိမ်းခင်ထဲက လည်ပတ်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားပြီလို့ဆိုထားတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာခရိုင် ၊ ဆားလင်းကြီးမြို့နယ်ထဲက ကြေးနီစီမံကိန်းမှာစစ်ကောင်စီ တပ်သားတွေ ဝင်ရောက် တပ်စွဲ ထား ပြီးနောက်ပိုင်း ကြေးနီသန့်စင်မှုတချို့ပြုလုပ်နေတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအင်အားစု တွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တပတ်အတွင်း ဆားလင်းကြီးက ရွာကိုးရွာ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကကျေးရွာတွေထဲ စစ်ကောင်စီက စစ်ကြောင်းထိုးမွှေနှောက်နေတဲ့ သီတင်း ပတ်တခုကျော်အတွင်း ကျေးရွာကိုးရွာက နေအိမ်ရာချီ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ဒေသတော်လှန် ရေး အင်အားစုတွေဆီကသိရပါတယ်။ “တစ်ရွာပြီးတစ်ရွာလိုက်ပြီးမီးရှို့နေတာပါ၊ ရွာတစ်ရွာဆို သူတို့လိုချင်တဲ့ပစ္စည်းတွေအကုန်သယ်ပြီး မီးရှို့တာ ” လို့ ဒေသခံတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက နှစ်ရက်အတွင်း ဆားလင်းကြီးက ရွာလေးရွာကို မီးရှို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီက နှစ်ရက်အတွင်း ရွာလေးရွာကို စစ် ကြောင်းထိုးဝင်ရောက် မီးရှို့ခဲ့ပြီး ဆက်သွယ်ရေး ဖြတ်တောက်ထားလို့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုအတိအကျမသိရသေးဘူးလို့ အဲ့ဒီမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အင်အားတရာကျော်ဝန်းကျင်နဲ့ နိုဝင်ဘာ (၂၉) ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမှာ ဆက်ကြေးထွက်ကောက်တဲ့ ရဲလေးဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးရဲခစန်းကနေ ဆက်ကြေးထွက်ကောက်တဲ့ ရဲလေးဦးကို စောင့်ကြို တိုက်ခိုက်ရာမှာ လေးဦးလုံးသေဆုံးပြီး သေနတ် လေးလက် လည်းရရှိခဲ့တယ်လို့တိုက်ခိုက်မှုလုပ်ခဲ့တဲ့ အမိမြေ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက DNA ကိုပြောပါတယ်။ “သူတို့က ပြည်သူ့ကုန်စုံဆိုင်တွေ ဆက်ကြေး ကောက်တာတွေ ရှိတယ်ဗျ၊ဆက်ကြေးကောက်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမှာ Local PDF တွေဝန်းရံပြီး 7 July အထိမ်းအမှတ် သပိတ်ချီတက်

မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့မှ Local PDF တွေ ဝန်းရံပြီး ဆားလင်းကြီးမြို့နယ်ရှိ လူစည်ကားတဲ့ စျေးတစ်နေရာမှာ 7July နေ့အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ချီ တက်ခဲ့ကြပါတယ်။ “၇.၇.၆၂မမေ့ကြနဲ့” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည် အထိတွန်းလှန် ပုန်ကန်ပေးကြဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးလမ်းမ ၃ ခုကို အရေးပေါ်ခေတ္တပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လမ်းမ၃ခုကို အရေးပေါ်ခေတ္တပိတ်သိမ်းလိုက်ကြောင်း ဆား လင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။ ဒီနေ့ကစပြီး မုံရွာ-ပုသိမ်လမ်း၊ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းနဲ့ ဆားလင်းကြီး-ပေါင်းဝလမ်းတို့ကို အရေး ပေါ်ခေတ္တလမ်းပိတ်ထားမယ်လို့ ဒီကနေ့မွန်းလွဲ ၁နာရီလောက်မှာ ထုတ်ပြန်ပါတယ်။ ပြည်သူတွေ အသက်အန္တရာယ်မထိခိုက်စေလိုတာကြောင့် မလိုအပ်ဘဲ အပြင်မထွက်ဖို့ လည်း [ဆက်လက်ဖတ်ရှုရန်]