ဆားလင်းကြီးမှာ ဆက်ကြေးထွက်ကောက်တဲ့ ရဲလေးဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးရဲခစန်းကနေ ဆက်ကြေးထွက်ကောက်တဲ့ ရဲလေးဦးကို စောင့်ကြို တိုက်ခိုက်ရာမှာ လေးဦးလုံးသေဆုံးပြီး သေနတ် လေးလက် လည်းရရှိခဲ့တယ်လို့တိုက်ခိုက်မှုလုပ်ခဲ့တဲ့ အမိမြေ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက DNA ကိုပြောပါတယ်။
“သူတို့က ပြည်သူ့ကုန်စုံဆိုင်တွေ ဆက်ကြေး ကောက်တာတွေ ရှိတယ်ဗျ၊ဆက်ကြေးကောက်ပြီး အပြန် ကြားဖြတ် တိုက်ခိုက်တာပါ”လို့ သူကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို အောက်တိုဘာ (၃)ရက်နေ့လ ယ်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီး ချိန်မှာ ပြည်သူအများအပြားရောက်လာလို့ ရဲဘော် တွေလုံခြုံရေးအရ သေနတ် နှစ်လက်သာ အရင် ကောက်ယူပြီး ကျန်နှစ်လက်ကိုကောက်ယူဖို့ နဲ့ တခြားရဲတွေထပ်ရောက်လာရင် တိုက်ခိုက် ဖို့ စောင့်ဆိုင်းနေခဲ့ပေမယ့် စခန်းအတွင်းကရဲတွေ ထွက်မလာတာ​ကြောင့် ​ကျန်သေနတ် နှစ် လက် ကိုကောက်ပြီး ပြန်လာခဲ့တယ်လို့ အမိမြေ-တော်လှန်ရေးအဖွဲ့က ဆိုပါတယ်။
ညောင်ပင်ကြီးစခန်းကဆက်ကြေးထွက်ကောက်နေတဲ့ ရဲတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက တိုက်ခိုက် ဖို့ ပြင်ဆင်ခဲ့ပေမယ့် ပြည်သူတွေအများအပြား ရှိနေတာကြောင့် တိုက်ခိုက်မှု ပြုလုပ်မယ့်အစီ အစဉ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ဆိုပါတယ်။
ဆားလင်းကြီး မြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက လည်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲလေးဦး ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ က ဝင်ရောက်ပစ်ခတ်လို့ ရဲ လေးဦး လုံးသေဆုံးခဲ့ပြီး သေနတ်သုံးလက်ကို တော်လှန်ရေးတပ်ဖွဲ့က ရရှိခဲ့ပါတယ်။