ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာက ပျူစောထီးနဲ့ စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ခုနစ်ဦးထက်မ နည်းဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်တောင်ဘက်ခြမ်းက ပလိုင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူ စောထီးတွေကို အောက်တိုဘာ (၄)ရက် မနေ့က နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေး မဟာ မိတ်တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေအခြေချတဲ့ ပလိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မနေ့က နေ့လယ် (၁၂) နာရီ ဝန်းကျင်မှာ တစ်ကြိမ်၊ ပလိုင်းကျေးရွာ စခန်းကနေ ထွက်လာတဲ့ ပျူစောထီးနဲ့ စစ်ကောင် စီတပ်တွေကိုညနေ သုံးနာရီဝန်းကျင်မှာ ကန်သာကျေးရွာ တံတားထိပ်မှာတစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က စာပေသိပ်မကျွမ်းတဲ့ အညာကလူတွေပါ၊ တော်လှန်ချင်စိတ်ပဲရှိပါတယ်၊ သူတို့က ပလိုင်း တော ဘက် မြင်းသည်ရွာကိုလည်း တရွာလုံးကျွတ်လို မီးရှို့ထားတယ်၊ ဘေးပတ်ဝန်းကျင်တွေကိုလည်း လက်နက် ကြီး နဲ့ ညတိုင်းထုထုနေတယ်၊ အဲ့ဒါကြောင့် တိုက်ခိုက်ရတာပါ” လို့ မိုင်းခွဲတိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ မဟူရာ ရွှေဘိုသား (LDF) တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီကခန့်ထားတဲ့ ကန်သာကျေးရွာ အုပ်ချုပ်ရေးမှူး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ခြောက်ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ မိုင်းခွဲတိုက်ခိုက်ခံရအပြီးမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်သားတွေက ကန်သာကျေးရွာမှာရှိတဲ့ ပြည်သူတွေရဲ့ နေ အိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပလိုင်းကျေးရွာထဲက အခြေချစခန်းထဲကို ပြန်လည်ဝင်ရောက်သွာ းခဲ့တယ်လို့ သိရပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုကို SNAKE EYES (LPDF)၊ C & T SHWEBO (LPDF) ၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ MDF – Shwebo ၊ ရွှေဘိုခရိုင်တပ်ရင်း (၅) တပ်ခွဲ (၃) နဲ့ ရွှေဘိုမြို့နယ် တိုက်နယ် (၂) ပ.က.ဖ အပါအဝင် ဒေသခံ အခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။