စစ်အုပ်စုရဲ့ မအူဂိတ် အတိုက်ခံရပြီး ၄ ဦးသေ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-မန္တလေး လမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မအူစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၄ ဦး သေဆုံးခဲ့တယ်လို့ Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၂၃ ရက်နေ့ မနက် ၂ နာရီခန့်မှာ မုံရွာ-မန္တလေး ကားလမ်းပေါ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေးကာ မတရားငွေတောင်းခံမှုတွေ လုပ်နေတဲ့ စစ်အုပ်စုရဲ့ မအူဂိတ်ကို Monywa The Boys (မုံရွာခရိုင်တပ်ရင်း (၂) အထူးကွန်မန်ဒိုတပ်ဖွဲ့) ဦးစီးပြီး မုံရွာခရိုင်တပ်ရင်း (၂) ၏ တပ်ခွဲ (၃) ၊Northwest Plains Revolution Force – NPRF (အနောက်မြောက်လွင်ပြင်တော်လှန်ရေး အင်အားစု) နှင့် God Of Snake (Monywa)၊ Yakhka Nyi Naung – Monywa၊ Monywa Young People Groupနဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိခိုက်သူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။