ဂန့်ဂေါပြည်သူ့ပညာရေးကျောင်းတွေအတွက် သင်ထောက်ကူတွေ လိုအပ်နေတယ်လို့ဆို

ဂန့်ဂေါမြို့နယ်အတွင်းက ပြည်သူ့ပညာရေး ကျောင်းတွေအတွက် သင်ထောက်ကူပစ္စည်းတွေလိုအပ်နေတယ်လို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာ ညိမ်းသူယျက DNA ကိုပြောပါတယ်။
” နောက်နှစ်တွေမှာ စနစ်သစ် ပုံနှိပ်စာအုပ်လိုအပ်မှာဖြစ်သလို ယခုနှစ်မှာရှိပြီးသားပုံနှိပ်စာအုပ်အချို့ ကလည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးမှုရှိတဲ့အတွက် အတန်းစုံပုံနှိပ်လိုအပ်ပါတယ်” လို့ ဆရာညိမ်းသူယျက ပြောပါတယ်။
ပုံနိုပ်စာအုပ်တွေအပြင် ပညာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေကို လစာပေးနိုင်ဖို့ ငွေကြေးနဲ့ သင်ထောက် ကူပစ္စည်းတွေ လည်းလိုအပ်တယ်လို့ဆိုပါတယ်။
ဂန့်ဂေါ မြို့နယ် ပညာရေးဘုတ်အဖွဲ့အနေနဲ့ လက်ရှိမှာ ဂန့်ဂေါမြို့နယ်တွင်းက အခြေခံ ပညာ မူလတန်း၊အလယ် တန်း၊အထက်တန်းကျောင်းရှစ်ဆယ်ကျော်မှာ ကျောင်းသူကျောင်းသား တသောင်းကျော်(၁၃၃၈ဦး)ကို Volunteer ဆရာဆရာမတွေနဲ့ CDM ဆရာဆရာမစုစုပေါင်း (၁၄၁၂)ဦးနဲ့သင်ကြားပေးနေတယ်လို့သိရပါတယ်။
ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကြောင့် သင်ခန်းစာ ရုပ်သံမှတ် တမ်းတွေကို မလေ့လာနိုင်သလို ဝန်ကြီးဌာနက ပေးတဲ့ သင်တန်းတွေကိုလည်း မတက်ရောက်နိုင်ဖြစ်ရတယ်လို့ ဆရာ၊ဆရာမတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုဆရာညိမ်းသူယျက ပြောပါတယ်။