ဆားလင်းကြီးလမ်းမ ၃ ခုကို အရေးပေါ်ခေတ္တပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လမ်းမ၃ခုကို အရေးပေါ်ခေတ္တပိတ်သိမ်းလိုက်ကြောင်း ဆား လင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
ဒီနေ့ကစပြီး မုံရွာ-ပုသိမ်လမ်း၊ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းနဲ့ ဆားလင်းကြီး-ပေါင်းဝလမ်းတို့ကို အရေး ပေါ်ခေတ္တလမ်းပိတ်ထားမယ်လို့ ဒီကနေ့မွန်းလွဲ ၁နာရီလောက်မှာ ထုတ်ပြန်ပါတယ်။
ပြည်သူတွေ အသက်အန္တရာယ်မထိခိုက်စေလိုတာကြောင့် မလိုအပ်ဘဲ အပြင်မထွက်ဖို့ လည်း သတိပေးထားပါ တယ်။
လမ်းပြန်ဖွင့်မယ့်အချိန်ကို ပြန်လည်ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။