မန္တလေးမှာ 7 ဂျူလိုင် ချီတက် လှုပ်ရှားမှုပြုလုပ်

Photo-Mandalay revolution strike
ဒီနေ့ဇူလိုင်လ ၇ ရက်နေ့ မန္တလေးမြို့တစ်နေရာမှာ ”၇.၇.၆၂ မမေ့ကြနှင့်” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
”ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာ ရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။အဆိုပါလှုပ်ရှားမှုကိုမန္တလေးသပိတ်အင်အားစုမှ ဦးဆောင်ပြီး “ဆဲဗင်းဂျူလိုင် စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ”စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်သပိတ်မှောက်ခဲ့ကြတာပါ။