တရုတ်ရဲ့ ခြိမ်းခြောက်မှု ကြီးမားလာနေတယ်လို့ MI5 နဲ့ FBI ထောက်လှမ်းရေးအကြီးအကဲတွေ သတိပေး

Photo-AP

ဗြိတိန် ၊ အမေရိကန် စတဲ့နှစ်နိုင်ငံနဲ့ ပတ်သတ်ပြီး တရုတ်ရဲ့ ကာလရှည်ကြာ ခြိမ်းခြောက်မှုက ပိုမိုကြီးထွားလာတယ်နေတယ်လို့ MI5 နဲ့ FBI  ထောက်လှမ်းရေးအကြီးအကဲတွေက သတိပေးလိုက်ပါတယ်။

ဇူလိုင်လ ၆ရက်နေ့က MI5 နဲ့ FBI  အကြီးအကဲတွေ ပထမဆုံး ပူးတွဲတွေ့ဆုံပွဲမှာ အခုလိုပြောခဲ့ကြတာပါ။ 

MI5 ရဲ့ ညွှန်ကြားရေးမှူးချုပ်  Ken McCallum က သူ့တို့ အဖွဲ့အစည်းအနေနဲ့ တရုတ်ရဲ့ စိုးရိမ်ပူပန်တဲ့ လှုပ်ရှားမှုတွေကို ဟန့်တားဖို့ အရင်ကထက် နှစ်ဆ ပိုအားထုတ််လုပ်ဆောင်နေပြီး ၂၀၁၈ခုနှစ်မှာ စုံစမ်းစစ်ဆေးမှုတွေ ၇ကြိမ် ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ 

တရုတ်အစိုးရဟာ အမေရိကန် ၊ ဗြိတိန်အပြင် ဥရောပက မဟာမိတ်တွေရဲ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးကို အချိန်ကာလာရှည်ကြာစွာနဲ့ အကြီးမားဆုံး ခြိမ်းခြောက်နေတယ်လို့ FBI ရဲ့ ညွှန်ကြားရေးမှူး Christopher Wray ကလည်း မှတ်ချက်ပြုပါတယ်။ 

“တရုတ်အစိုးရဟာ ကျနော်တို့ရဲ့ မဟာမိတ်တွေရဲ့ မူဝါဒတွေကို ဝင်ရောက်စွက်ဖက်ပြီးတော့ ကမ္ဘာကြီးကို ပုံသွင်းဖို့ ကြိုးစားနေတယ်”လို့ သူက ဆက်ပြောပါတယ်။ 

တရုတ်အစိုးရရဲ့  ဟက်ဟာ ပရိုဂရမ်တွေဟာ တခြားကမ္ဘာ့နိုင်ငံကြီးတွေထက် ပိုကြီးမားလာနေပါတယ်။ ဒါ့ကြောင့် 

ဆိုက်ဘာသူလျှိုလုပ်လုပ်ခံခြင်းကနေ ကာကွယ်ဖို့အတွက် နိုင်ငံပေါင်း ၃၇ နိုင်ငံက ထောက်လှမ်းရေးတွေကို ဗြိတိန်နိုင်ငံက ကူညီမျှဝေပေးခဲ့တယ်လို့ သိရပါတယ်။ 

တဖက်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွန်ခွန်းက ဇွန်လ ၂၇ ရက်က အကြမ်းဖက်စစ်ကောင်စီကို တောင်းဆိုထားသလို နိုင်ငံတကာအဝန်းအဝိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဖိအားပေးတောင်းဆိုထားတာတွေ ရှိနေပါတယ် ။