ကော်သနော့ကျေးရွာအနီး ပစ်ခတ်မှုမှာ အကြမ်းဖစ်စစ်အုပ်စုဝင်အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်

၂၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ကော့ကရိတ်မြို့နယ် ကော်သနော့ကျေးရွာအနီးမှာ ဩဂုတ်လ ၂၈ရက်နေ့က အကြမ်းဖက်စစ်အုပ်စုနဲ့ KNLAတို့ ပစ်ခတ်မှုဖြစ်ပွါးတယ်ဆိုတာ မဟုတ်မှန်ဘဲ အကြမ်းဖက်စစ်အုပ်စုရဲ့ ခမရ ၃၃၉နဲ့ စစ်အုပ်စု လက်အောက်ခံ BGFတို့ အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဝင် နှစ်ဦးသေသွားတယ်လို့ သိရပါတယ်။
“မနေ့က ကော့်သနော့ရွာအနီးမှာ ပစ်ခတ်ကြတာက BGFနဲ့ အာဏာသိမ်း စစ်အုပ်စုတို့ လူချင်းမှားပစ်ခတ်ကြပြီး KNLA နဲ့ တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး”လို့ KNLA တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးအဖွဲ့က သူတို့ရဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာမှာ ဖော်ပြထားပါတယ်။
 
အကြမ်းဖက်စစ်အုပ်စုဟာ ကော့သနော့ကျေးရွာအတွင်းမှာရှိတဲ့ စျေးဆိုင်တစ်ခုမှာလည်း ဝင်ရောက်စားသောက်ခဲ့ပြီး ကျသင့်ငွေကို မပေးဘဲ စားမကုန်တဲ့ အစားအသောက်တွေကို စွန့်ပစ်မှုတွေလည်း လုပ်ဆောင်ခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။