လွိုင်ကော် တိုက်ပွဲအတွင်း စစ်အုပ်စုမှ ဗိုလ်ကြီးတစ်ဦး အပါအဝင် သေဆုံးသူများပြား

၂၉၊ ဩဂုတ်လ၊ ၂၀၂၁။

လွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စု ကွန်နားကျေးရွာနဲ့ ဒေါတဟေးကျေးရွာအနီးမှာ ဩဂုတ်လ ၂၈ရက်နေ့ က ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ် KNDF တို့ ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုက ဗိုလ်ကြီးတစ်ဦးအပါအဝင် အများအပြားသေဆုံးခဲ့ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲက မနက် ၈ နာရီကတည်းက တိုက်ပွဲစနေတာ ည ၇ နာရီ လောက်မှ ငြိမ်သွားတယ်။ စကစဘက်က လက်နက်တချို့ကို KNDF အဖွဲ့က သိမ်းဆည်းရမိတယ်။

သုံးပွင့်ဗိုလ်တစ်ယောက်ကျတယ်လို့လည်း သိရတယ်။ စကစဘက်က အကျများတယ်”လို့ ဒေသခံတစ်ဦးရဲ့ သတင်းပေးပို့မှုကို The 74 Media က ဖော်ပြထားပါတယ်။

ကယားပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KNDFတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေကို ရယူထားပေမဲ့ စစ်အုပ်စု ဖိနှိပ်မှုနဲ့ ချိုးဖောက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာတာကြောင့် အခုလို တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။