ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၄ဦးသေဆုံး 

၂၅၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၂၅ရက်နေ့က ကိုဗစ်လူနာ (၄)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ဒီနေ့မှာပုသိမ်ဆေးရုံကနေ သေဆုံးသူ(၁)ဦး၊စစ်တပ် မဆရ(၄)ဆေးရုံက(၁)ဦးနဲ့နေအိမ်တွေကနေသေဆုံးသူ(၂)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၉၃)ဦးအပါအ၀င် စုစုပေါင်း (၁၁၀၃)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

လူမျိုးစုတစ်စုအပေါ် မတရားကျူးလွန်မှုဟာ အခြားလူမျိုးအပေါ်ကိုလည်း ကျူးလွန်ရာ ရောက်တယ်လို့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီး NUG ဒုဝန်ကြီးပြော

Read Next

KNU တပ်မဟာ ၅ နယ်မြေကို စစ်အုပ်စုက လေယာဉ်တွေနဲ့ အကြိမ်ကြိမ်ထောက်လှမ်းနေ