ဖျာပုံမှာ ကိုဗစ်​ကြောင့်​သေဆုံးသူ ၆၀ရှိလာ

၁၄၊ ဩဂုတ်လ၊ ၂၀၂၁။

ဒီကနေ့ ကိုဗစ်အတည်ပြုလူနာ (၈)ဦးတွေ့ရှိ​ခဲ့တယ်လို့သိရပါတယ်။

ဖျာပုံခရိုင်ဆေးရုံကြီးမှာ စစ်ဆေးချက်အရ (၁၆)ရပ်ကွက်၊ ဖျာပုံမြို့မှ (၃)ဦး၊ (၁၁)ရပ်ကွက်၊ ဖျာပုံမြို့မှ (၁)ဦး၊ (၁၄)ရပ်ကွက်၊ ဖျာပုံမြို့မှ (၁)ဦး၊ (၉)ရပ်ကွက်၊ ကျုံကဒွန်းကျေးရွာမှ (၁)ဦး၊ တယ်ပင်ဆိပ်ကျေးရွာမှ (၁)ဦးနဲ့ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁)ဦးတို့မှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင်လ ၃ရက်နေ့မှစတင်ကာ ကိုဗစ် အတည်ပြုလူနာစုစုပေါင်း (၆၅၄) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း(၄၃၃)ဦးရှိကာ ဇူလိုင်လ ၁၃ရက်နေ့မှ ယနေ့အချိန်အထိ အတည်ပြုလူနာ သေဆုံးသူပေါင်း (၆၀)ဦးရှိတယ်လို့သိရပါတယ်။

Delta News Agency

Read Previous

ဟေတီနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ် ၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား

Read Next

ထိုင်ဝမ်နိုင်ငံသား ၈၀ကျော် မြန်မာနိုင်ငံကနေ ထွက်ခွာ