ဟေတီနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ် ၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား

၁၄ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ဟေတီနိုင်ငံမှာ ဒီနေ့ ဩဂုတ်လ ၁၄ရက်နေ့မှာ အင်အား ၇ ဒဿမ ၂ မဂ္ဂနီကျုုဒ့် ရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

မြို့တော် ပေါ့တ်အူပရင့်ရဲ့ အနောက်ဘက် မိုင် ၈၀ခန့် မြေအောက်အနက် ၇မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒလေ့လောစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေတွေကို တိတိကျကျ မသိရသေးပေမယ့် ၂၀၁၀ ဟေတီငလျင်ထက် အင်အားပြင်းတာကြောင့် ဆုံးရှုံးမှုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Delta News

Read Previous

ဝိုင်းမော်မြို့ ခလရ ၅၈တပ်ရင်းအနားမှာ ပြည်သူတွေမနေဖို့ စစ်အုပ်စုကြေညာ

Read Next

ဖျာပုံမှာ ကိုဗစ်​ကြောင့်​သေဆုံးသူ ၆၀ရှိလာ