မိုးကုတ်မြို့ စာသင်ကျောင်းထဲဗုံးကွဲ၊ ရဲသုံးယောက်သေ

မန္တလေးတိုင်းမိုးကုတ်မြို့မှာ စစ်အုပ်စု တပ်စွဲထားတဲ့ စာသင်ကျောင်းထဲ ဗုံးပေါက်ကွဲခဲ့ပြီး ရဲ သုံးယောက် သေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ သြဂုတ်လ ၁၃ရက်နေ့ညနေ ၅နာရီခန့်က မိုးကုတ်မြို့၊ အောင်ချမ်းသာရပ်ကွက် ၊ အထက(၃) စာသင်ကျောင်း၀န်းထဲမှာ ပေါက်ကွဲခဲ့တာပါ။

“အသံအကျယ်ကြီးကြားလိုက်တယ် ၊ ကြည့်တော့မကြည့်ရဲဘူး၊ခုတော့ စစ်သားတွေကော ရဲတွေကော အလုပ်ရှုပ်နေကြတယ်။

သုံးယောက်သေတယ်လို့ပြောနေကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အထက(၃) ကျောင်းဝန်းထဲမှာ စစ်အုပ်စုတပ်တွေ

တပ်စွဲထားတာ ၃လကျော်ကြာပြီး အင်အား ၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

သြဂုတ်လ ၇ ရက်နေ့ကလည်း မိုးကုတ်မြို့ အချုပ်ထောင်ကိုပို့တဲ့ ထမင်းထုပ်ကနေ ဗုံးပေါက်ကွဲလို့ ရဲတပ်သား သုံးယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Credit – The Nation Voice