မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းအတွင်း အောက်ဆီဂျင်လိုအပ်များပြားနေပြီးတော့ စျေးနှုန်းကြီးမြင့်နေတာကြောင့် မြန်မာမူဆလင်အသင်းက ပြည်သူတွေ စျေးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိုင်ဖို့ မှာယူထားတဲ့
အောက်ဆီဂျင်အိုးတွေအနက် ပထမအသုတ်ဟာ ဩဂုတ်လ ၁ရက်နေ့မှာ ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။
“အိုးတွေကတော့အသုတ်တွေခွဲပြီးရောက်တာပေါ့။စုစုပေါင်း၃၄၀၀သွင်းဖို့လျာထားတာ။၄၀လီတာအိုးကနှစ်သိန်း၊။၁၅လီတာအိုးကတော့၁၄၀၀၀၀ပေါ့။ အဲ့တာကပစ္စည်းအစုံအလင်ပေါ့ ။၃၀၀၀ကိုတော့ရောင်းပါမယ် ၄၀၀ကိုတော့
လှူဒါန်းတာတွေလုပ်ပါမယ်။ အခုကကားနဲ့သယ်လာတာ အလုံး၇၀၀ကျော်ပါ”လို့မမြန်မာမူဆလင်အသင်းအတွင်းရေးမှူးဦးတင်မောင်သန်းက ပြောပါတယ်။
ရောက်ရှိလာတဲ့ အောက်ဆီဂျင်အိုးတွေကို အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေကို တစ်ဦးကို တစ်လုံးနှုန်းနဲ့ ရောင်းချပေးမှာဖြစ်ပြီး ပရဟိတအသင်းတွေနဲ့ ဘာသာရေးဆိုင်ရာ ကူညီရေးအသင်းတွေကိုတော့ နှစ်လုံးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဘာသာရေးဆိုင်ရာ ဆေးရုံတွေကိုတော့ ဆေးရုံတစ်ခုကို ငါးလုံးစီနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုတော့ ၁၀လုံးလှူဒါန်းသွားမယ်လို့ သိရပါတယ်။