ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း နောက်လရွှေ့ဆိုင်း

၂၆ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုရုံးချိန်းတွေကို ဒီလ ဇူလိုင် ၂၆ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာ ချိန်းဆိုထားပေမယ့် နောက်လကိုရွေ့လိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေ်မင်းမင်းစိုးက အတည်ပြုပါတယ်။

သြဂုတ်လ ၁ရက်အထိ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတာကြောင့် ရုံးချိန်းကို

သြဂုတ်၂ရက်နဲ့ ၃ရက်နေ့တွေမှ ပြုလုပ်သွားမယ်လို့ပြောပြီး အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဘက်က ရွှေ့ဆိုင်းလိုက်တာပါ။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်ရောဂါကူးစက်ခံထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် တိတိကျကျ အတည်မပြုနိုင်သေးဘဲ မနေ့က ပစ္စည်းတွေမှာရာမှာတော့ အစားအသောက်တွေသာ မှာပြီး ဆေးဝါးမှာတာမျိုး မရှိဘူးလို့ ဒေါ်မင်းမင်းစိုးက မီဒီယာတွေကို ပြောခဲ့ပါတယ်။

နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှု (၅)မှုထဲက သြဂုတ်လ ၂ရက်နေ့မှာတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ စွဲဆိုထားတဲ့အမှု၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့စွဲဆိုထားတဲ့အမှု၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅နဲ့ စွဲဆိုထားသော စတဲ့ အမှု (၃)မှုကို စစ်ဆေးမှာဖြစ်ပြီး

သမ္မတကြီး ဦး၀င်းမြင့်ကို သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅နဲ့ စွဲဆိုထားတဲ့ အမှုကိုလည်း စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။