လက်နက်ကြီးကျည်ကျရောက်မှု မြန်မာစစ်တပ်ကို ထိုင်းစစ်တပ်သတိပေး

၂၁ ၊ ​မေလ ၊ ၂၀၂၁

ထိုင်းနယ်နမိတ်ထဲကို မြန်မာစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်​တွေ ကျ​​ရောက်တာနဲ့ ပတ်သတ်လို့ ထိုင်းစစ်တပ်က သတိ​ပေးစာ​​ပေးပို့သွားမယ်လို့ သိရပါတယ်။

မနေ့က မြန်မာစစ်တပ် ပစ်ခတ်မှုကြောင့် သံလွင်မြစ် ထိုင်းနိုင်ငံဘက်အခြမ်း မယ်​​ဟောင်​ဆောင်ခရိုင်ထဲက ​​ကျေးရွာတချို့​ပေါ်ကို လက်နက်ကြီး ကျည် သုံးခုကျ​ရောက်ခဲ့တာ​ကြောင့် ထိုင်းစစ်တပ်က အခုလိုသတိ​ပေးလိုက်တာပါ။

မြန်မာစစ်တပ်အ​နေနဲ့ ​ထိုင်းနယ်နမိတ်ထဲမှာ စစ်ဆင်​ရေးတိုးချဲ့တာ​တွေ ​ထပ်မလုပ်ဖို့
ထိုင်း – မြန်မာနယ်စပ် ​ကော်မတီက​နေတဆင့် သတိ​ပေးစာပို့မယ်လို့ ထိုင်း-မြန်မာနယ်စပ်​ရေးရာ ကြီးကြပ်​နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး Apichet Suesat က ​ပြောပါတယ်။

“ကျ​နော်တို့ နယ်စပ်ကို မီးခိုးဗုံးတလုံးပစ်ပြီး မြန်မာစစ်တပ်ကို သတိ​ပေးခဲ့တယ်၊ ပြီး​တော့ သူတို့ဘက်က ပစ်တာ ရပ်သွားတယ်”လို့ ဆက်​ပြောပါတယ်။

မ​နေ့က လက်နက်ကြီးကျည်ကျ​ရောက်မှု​ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိ​ပေမယ့် ​ဒေသခံရွာသားတချို့ ထွက်​ပြေးခဲ့ရတယ်လို့ သိရပါတယ်။

Ref – bangkok post