အရေးပေါ်အခြေအနေအရ စစ်ဘေးသင့်၄၀၀၀ ဝန်းကျင်ကို ထိုင်းဘက် အားချင်းရွှေ့လိုက်ရ

အရေးပေါ်အခြေအနေအရ စစ်ဘေးသင့်၄၀၀၀ ဝန်းကျင်ကို ထိုင်းဘက် အားချင်းရွှေ့လိုက်ရ

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ သောင်ရင်းမြစ်ကမ်းဘေး၊ဖလူးလေးရွာ ဗိုလ်စလုံးစစ်ရှောင်စခန်းက စစ်ဘေးဒုက္ခသည်၄၀၀၀ လောက်ကို အကြမ်းဖက် စစ်တပ်ဝင်စီးနင်းမယ်ဆိုတဲ့သတင်းအရ ယမန်နေ့ညကထိုင်းဘက်ခြမ်းဆီ အရေးပေါ် ရွှေ့ပြောင်းလိုက်ရတယ် လို့ Delta News Agencyရဲ့ မြေပြင်ကင်းထောက်က သတင်းပေးပို့ပါတယ်။ ‘စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်နဲ့လည်းနီးလာတယ်။ကန့်ထဲဝင်ဖမ်းမယ်ဆိုတဲ့သတင်းတွေလည်း ထွက်လာလို့ မနေ့ည၇နာရီကျော်လောက်က အားချင်းဟိုဘက်ကမ်းပို့ရတယ်’လို့သူကပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ပြန်လည်ရောက်ရှိလာသူတွေအနက် အမျိုးသားတွေကိုသာ ပြန်လည်လက်ခံသေးပြီး စစ် ဘေးဒုက္ခသည် ကလေးသူငယ်၊အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေကို ပြန်လက်မခံသေးဘူးလို့ သိရပါတယ်။ ‘တာဝန်ရှိတဲ့လူတွေပြောတာက ၂ရက်၊၃ရက်အခြေအနေစောင့်ကြည့်ဦးမယ်၊အခြေအနေအေးဆေးဖြစ်မှ…

Read More
ထိုင်းဘက်ပြေးလာတဲ့ မြန်မာစစ်ဘေးသင့်တွေကို ကူညီကာကွယ်ပေးဖို့ ထိုင်းအစိုးရကို NGO၁၅ဖွဲ့ တောင်းဆို

ထိုင်းဘက်ပြေးလာတဲ့ မြန်မာစစ်ဘေးသင့်တွေကို ကူညီကာကွယ်ပေးဖို့ ထိုင်းအစိုးရကို NGO၁၅ဖွဲ့ တောင်းဆို

၂၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ထိုင်းနိုင်ငံဘက်ထွက်ပြေးလာတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးကာကွယ်ဖို့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့ ၁၅ ဖွဲ့ ပူးတွဲ ပြီးထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက အကူအညီပေးဖို့ Save the Children နဲ့ IRC (နိုင်ငံတကာကယ်ဆယ်ကူညီရေးကော်မတီ )တို့ပါဝင်တဲ့NGO ၁၅ ဖွဲ့ ပူးတွဲပြီး ဒီဇင်ဘာ၂၄ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ကာတောင်းဆိုလိုက်တာပါ။ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီမြို့နယ်၊လေးကေ့ကော်ဝန်းကျင်မှာ…

Read More
နယ်စပ်ဖြတ်ကျော် စစ်ဘေးရှောင်တွေကို နေရပ်ပြန်လို့ပါက လိုက်ပို့ပေးမယ်လို့ ထိုင်းတာဝန်ရှိသူတွေကြေညာ

နယ်စပ်ဖြတ်ကျော် စစ်ဘေးရှောင်တွေကို နေရပ်ပြန်လို့ပါက လိုက်ပို့ပေးမယ်လို့ ထိုင်းတာဝန်ရှိသူတွေကြေညာ

၂၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ လေးကေကော်တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသာ စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်လိုသူရှိပါက ပြန်လည်လိုက်ပို့ပေးမယ်လို့ ထိုင်းတာဝန်ရှိသူတွေက ဒီကနေ့ ဒီဇင်ဘာလ ၂၁ရက်နေ့ မနက်ပိုင်းမှာ ဒုက္ခသည်စခန်းတွေအတွင်း လိုက်လံကြေညာခဲ့ပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်ခရိုင် မယ်တောင်စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် ၄၀၀၀ကျော်ခန့်ရှိနေပြီး နေရပ်လိုသူ စစ်ဘေးရှောင်တွေကို မယ့်ထော်သလေးအထိ လိုက်လံပို့ဆောင်ပေးမယ်လို့ ထိုင်းတာဝန်ရှိသူတွေက ကြေညာခဲ့တာပဲဖြစ်ပါတယ်။ “ဒီနေ့ တိုက်ပွဲလေး နည်းနည်းငြိမ်သွားတော့ ထိုင်းတာဝန်ရှိသူတွေက လိုက်ပြောတယ်၊…

Read More
ထိုင်းနိုင်ငံထဲ တရားမဝင်ဖြတ်ကျော်လာတဲ့ မြန်မာအယောက် ၁၀၀ကျော်ဖမ်းမိ

ထိုင်းနိုင်ငံထဲ တရားမဝင်ဖြတ်ကျော်လာတဲ့ မြန်မာအယောက် ၁၀၀ကျော်ဖမ်းမိ

၃၁၊ အောက်တိုဘာလ၊ ၂၀၂၁။ ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၁၁၀ကျော်ကို အောက်တိုဘာလ ၃၀ရက်နေ့ တနေ့တည်း ဖမ်းမိခဲ့တယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ အနောက်ဘက် ကန်ချနာပူရီပြည်နယ်ထဲမှာ နယ်စပ်ကနေ ဝင်လာတဲ့ မြန်မာအုပ်စု ၃စုကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိခဲ့တာပါ။ သူတို့ဟာ ပဲခူး ၊ မော်လမြိုင် ၊ မန္တလေး စတဲ့မြို့တွေကနေ လာရောက်ကြတာဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာ အလုပ်ရဖို့အတွက်…

Read More
မဲဆောက်မယ်တော်ဆေးခန်းမှာ ကိုဗစ်စင်တာဖွင့်လှစ်လိုက်ပြီ

မဲဆောက်မယ်တော်ဆေးခန်းမှာ ကိုဗစ်စင်တာဖွင့်လှစ်လိုက်ပြီ

၂၅ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ ထိုင်း – မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာရှိတဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ကိုဗစ်လူနာတွေအတွက် ဆေးခန်းအဖြစ် ပြောင်းလဲ ကုသပေးနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ကြောင်းလုပ်သားတွေအကြား အစုလိုက်အပြုံလိုက် ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး   မဲဆောက်ဆေးရုံကြီးအပြင် ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းမှာ ကိုဗစ်လူနာ ၂၀၀ ကနေ ၃၀၀ အထိ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။…

Read More
လက်နက်ကြီးကျည်ကျရောက်မှု မြန်မာစစ်တပ်ကို ထိုင်းစစ်တပ်သတိပေး

လက်နက်ကြီးကျည်ကျရောက်မှု မြန်မာစစ်တပ်ကို ထိုင်းစစ်တပ်သတိပေး

၂၁ ၊ ​မေလ ၊ ၂၀၂၁ ထိုင်းနယ်နမိတ်ထဲကို မြန်မာစစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်​တွေ ကျ​​ရောက်တာနဲ့ ပတ်သတ်လို့ ထိုင်းစစ်တပ်က သတိ​ပေးစာ​​ပေးပို့သွားမယ်လို့ သိရပါတယ်။ မနေ့က မြန်မာစစ်တပ် ပစ်ခတ်မှုကြောင့် သံလွင်မြစ် ထိုင်းနိုင်ငံဘက်အခြမ်း မယ်​​ဟောင်​ဆောင်ခရိုင်ထဲက ​​ကျေးရွာတချို့​ပေါ်ကို လက်နက်ကြီး ကျည် သုံးခုကျ​ရောက်ခဲ့တာ​ကြောင့် ထိုင်းစစ်တပ်က အခုလိုသတိ​ပေးလိုက်တာပါ။ မြန်မာစစ်တပ်အ​နေနဲ့ ​ထိုင်းနယ်နမိတ်ထဲမှာ စစ်ဆင်​ရေးတိုးချဲ့တာ​တွေ ​ထပ်မလုပ်ဖို့ ထိုင်း – မြန်မာနယ်စပ် ​ကော်မတီက​နေတဆင့် သတိ​ပေးစာပို့မယ်လို့ ထိုင်း-မြန်မာနယ်စပ်​ရေးရာ…

Read More