မဲဆောက်မယ်တော်ဆေးခန်းမှာ ကိုဗစ်စင်တာဖွင့်လှစ်လိုက်ပြီ

၂၅ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ထိုင်း – မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာရှိတဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ကိုဗစ်လူနာတွေအတွက် ဆေးခန်းအဖြစ် ပြောင်းလဲ ကုသပေးနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွေ့ကြောင်းလုပ်သားတွေအကြား အစုလိုက်အပြုံလိုက် ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး

 

မဲဆောက်ဆေးရုံကြီးအပြင် ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းမှာ ကိုဗစ်လူနာ ၂၀၀ ကနေ ၃၀၀ အထိ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။

မယ်တော်ဆေးခန်းဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေကို အဓိကကုသပေးနေတာဖြစ်ပြီး အခုဆိုရင်တော့ ပုံမှန်လူနာတွေကို ကုသပေးမှု ရပ်နားကာ ရွှေ့ပြောင်းအလုပ်သမားတွေထဲက ကိုဗစ်လူနာတွေကို အဓိက ကုသပေးနေတယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့ တနေ့တည်း မဲဆောက်မြို့တွင်းမှာ ကိုဗစ်ကူးစက်ခံတဲ့ လူနာသစ် ၁၀၀နီးပါးရှိပြီး ထိုင်းတနိုင်ငံလုံးမှာတော့ ကိုဗစ်အတည်ပြုလူနာ တသန်းကျော်နဲ့ သေဆုံးသူ ၉ထောင်ကျော် ရှိလာပြီ ဖြစ်ပါတယ်။

Photo – CJ