ဟာသသရုပ်ဆောင် ဆင်မ အဖမ်းခံရ

၂၅ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ဩဂုတ်လ ၂၄ ရက်နေ့ မနေ့က ညက ဟာသသရုပ်ဆောင် ဆင်မ ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ် ။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် အောင်ဇေယျလမ်းမကြီးအနီးမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ရတာပါ။

“သူ့အိမ်မှာပဲ လာဖမ်းသွားတာ ၊ ဧည့်စာရင်း စစ်မယ်ဆိုဝင်လာပြီး ကိုဆင်မကို ခနလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ”လို့ ပြောပါတယ် ။

ဟာသသရုပ်ဆောင် ဆင်မဟာ အကြမ်းဖက်စစ်တပ်က တရားမဝင် အာဏာသိမ်းမှု အပြီးနောက်ပိုင်းမှာ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ အနုပညာရှင်များထဲမှာ ပါဝင်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလည်း နှုတ်ထွက်ထားသူ တဦး ဖြစ်ပါတယ် ။