နိုင်ငံရေး

မြန်မာကို ကူညီ​ထောက်ပံ့မှု​တွေ အားလုံး ရပ်ဆိုင်းပစ်နိုင်တယ်လို့ ဂျပန်သတိ​​ပေး

ဂျပန်နိုင်ငံအ​နေနဲ့ မြန်မာကို အကူအညီ​ပေး​နေတာ​တွေအားလုံး ရပ်​ဆိုင်းပစ်လိုက်နိုင်တယ်လို့ ဂျပန်နိုင်ငံခြား​ရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။ ​ဒီ​နေ့ ​မေလ ၂၁ရက်​နေ့ ​ထွက်ရှိလာတဲ့ အင်တာဗျူးမှာ နိုင်ငံခြား​ရေးဝန်ကြီး Toshimitsu Motegi က အခုလို​ပြောလိုက်တာပါ။ ဂျပန်ဟာ မြန်မာရဲ့ ထိပ်တန်းအလှူရှင်နိုင်ငံတနိုင်ငံဖြစ်ပြီး ​ဖေ​ဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

က​နေဒါ ၊ အ​မေရိကန်နဲ့ ဗြိတိန်က အာဏာသိမ်းစစ်အုပ်စုအ​ပေါ် ထပ်တိုး ဒဏ်ခတ်

က​နေဒါ ၊ အ​မေရိကန်နဲ့ ဗြိတိန်က အာဏာသိမ်းစစ်အုပ်စုအ​ပေါ် ထပ်တိုး ဒဏ်ခတ် က​နေဒါ ၊ အ​မေရိကန်နဲ့ ဗြိတိန် ပူး​ပေါင်းပြီး မြန်မာစစ်အာဏာသိမ်း​ခေါင်း​ဆောင်​တွေနဲ့ သူတို့နဲ့ ဆက်စပ်တဲ့အဖွဲ့အစည်း​တွေ​ကို အ​ရေးယူဒဏ်ခတ် စာရင်းသွင်းလိုက်ပါတယ်။ နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ အပါအဝင် အာဏာသိမ်းစစ်အုပ်စုနဲ့ [ဆက်လက်ဖတ်ရှုရန်]

Uncategorized

ထိုင်း​ရောက် မြန်မာနိုင်ငံသား (၁၀၀)​ကျော် နေရပ်ပြန်ပို့ ခံရ

တရားမဝင် နယ်စပ်ဖြတ်​ကျော်ဝင်​ရောက်လာတဲ့ မြန်မာနိုင်ငံသား (၁၀၁)ဦးကို ​ထိုင်းနိုင်ငံ ၊ ချင်းရိုင်အာဏာပိုင်​တွေက ဒီ​​နေ့ ​မေလ ၁၇ရက်​နေ့မှာ နေရပ်ပြန်ပို့ခဲ့တယ်လို့ ထိုင်းသတင်းဌာန The Nation က ​ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ Mae Sae နယ်စပ်ဂိတ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြန်မာပြည်သူ​တွေကို ကူညီဖို့ WFP ကို ဂျပန်အစိုးရက ကန်​ဒေါ်လာ (၄)သန်းလှူဒါန်း

၁၄ ၊ ​မေလ ၊ ၂၀၂၁ ။ ရုန်းကန်နေကြရတဲ့ မြန်မာနိုင်ငံက မိသားစု​တွေအတွက် အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ကို ထောက်ပံ့ကူညီဖို့ ဂျပန်နိုင်ငံအစိုးရဆီက အမေရိကန်ဒေါ်လာ (၄) သန်း လှူဒါန်းမှုကို ဒီ​က​နေ့ လက်ခံရရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် [ဆက်လက်ဖတ်ရှုရန်]

Uncategorized

DVB သတင်းသမားတွေအမှု ရုံးချိန်းရွေ့ဆိုင်းခံရ

တရားမဝင် နိုင်ငံဖြတ်ကျော်မှုနဲ့ တရားစွဲခံထားရတဲ့ DVB သတင်းသမား ၃ဦးနဲ့ တက်ကြွလှုပ်ရှားသူ ၂ဦးရဲ့ အမှုကို ချင်းမိုင်ဒေသန္တရတရားရုံးက ရုံးချိန်းရွေ့ဆိုင်းလိုက်တယ်လို့သိရပါတယ်။ သူတို့ဟာ မတ်လ ၉ရက်နေ့က ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ က ရုတ်တရက်ရှာဖွေစစ်ဆေးမှုအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

အာဏာသိမ်းမှု နောက်ဆက်တွဲ မြန်မာ့ဘဏ္ဍာရေးနှင့်‌‌ ငွေကြေးစနစ်ပြိုလဲမှု လားရာ

ဖေဖေါ်ဝါရီလ (၁)ရက်နေ့ကစလို့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မှောင်မိုက်သွားခဲ့ပြီဖြစ်သလို ပညာရေး၊ကျန်းမာရေး၊လူမှုစီးပွား အခြေအနေ အရပ်ရပ်ဟာ များစွာပျက်ယွင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။ ခုချိန်မှာတော့ ဘဏ်တွေ ဘယ်လို အခြေအနေဆက်သွားမလဲဆိုတာ ပြည်သူတိုင်းတွေးဆ နေကြမှာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် တိုင်ပြည်စီးပွားရေးထိခိုက်မှုတွေကို နှိုးဆွဖို့၊ကုစားဖို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လူမဆန်တဲ့ဖိနှိပ်မှုတွေ ရပ်တန့်မယ့် လက္ခဏာမတွေ့ရဘူးလို့ ကုလပြော

၁၂ ၊ မေလ , ၂၀၂၁ ။ မေလ ၁၁ရက်ဟာဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ရက်ပေါင်း ၁၀၀ ပြည့်ပါပြီ။ အကြမ်းဖက်တာတွေ ရပ်တန့်ဖို့ နိုင်ငံတကာက ဖိအားပေးနေပေမယ့် ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအပေါ် ရက်ရက်စက်စက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာအရေးအပေါ် ရုရှားအစိုးရဘယ်လိုရပ်တည်လဲ

မြန်မာနိုင်ငံမှာ အရပ်သားသေဆုံးမှုအရေအတွက် မြင့်တက်လာတဲ့အပေါ် အင်မတန်စိုးရိမ်မိတယ်လို့ ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskovက မတ်လ ၂၉ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာနဲ့ ပတ်သတ်ပြီး ရုရှားရဲ့ ရပ်တည်ချက်ကို နားလည်မှုမလွဲသင့်ဘူးလို့လည်း သူကဆက်ပြောခဲ့ပါတယ်။ မတ်လ ၂၇ရက်နေ့ တပ်မတော်နေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမယ်

မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်တယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေက မတ်လ ၂၉ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ လက်ချက်ကြောင့် ဆန္ဒပြသူအမြောက်အများသေဆုံးခဲ့ပြီးနောက် ဗြိတိနိုင်ငံက အခုလို တောင်းဆိုလိုက်တာပါ။ ဒါ့ကြောင့်လုံခြုံရေးကောင်စီအဖွဲ့ ၁၅နိုင်ငံပါဝင်ဟာ မတ်လ [ဆက်လက်ဖတ်ရှုရန်]

Uncategorized

မြန်မာ့စီးပွားရေး ၁၀ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်သတိပေး

နိုင်ငံတွင်း မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် အခုနှစ် မြန်မာစီ့းပွားရေး ၁၀ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးကြေညာလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပြည်လုံးကျွတ်သပိတ်တွေ ၊ ဆန္ဒပြပွဲတွေနဲ့ အရေးယူပိတ်ဆို့မှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အခုနှစ် စီးပွားရေး [ဆက်လက်ဖတ်ရှုရန်]