မြန်မာအရေးအပေါ် ရုရှားအစိုးရဘယ်လိုရပ်တည်လဲ

မြန်မာနိုင်ငံမှာ အရပ်သားသေဆုံးမှုအရေအတွက် မြင့်တက်လာတဲ့အပေါ် အင်မတန်စိုးရိမ်မိတယ်လို့ ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskovက မတ်လ ၂၉ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနဲ့ ပတ်သတ်ပြီး ရုရှားရဲ့ ရပ်တည်ချက်ကို နားလည်မှုမလွဲသင့်ဘူးလို့လည်း သူကဆက်ပြောခဲ့ပါတယ်။

မတ်လ ၂၇ရက်နေ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရုရှားဒုကာကွယ်ရေးဝန်ကြီး တက်ရောက်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် အခုလို ဖြေရှင်းချက်ပေးခဲ့တာပါ။

ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့စနေနေ့က နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားကို ရုရှားဒုကာကွယ်ရေးဝန်ကြီး Alexander Fomin တက်ရောက်လာခဲ့ပြီး ရုရှားက မိတ်ဆွေစစ်ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း နှုတ်ဆက်ကြိုဆိုခဲ့ပါတယ်။

အဲဒီနေ့မှာပဲ အကြမ်းဖက်စစ်အုပ်ရဲ့ ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံတစ်လွှား အရပ်သား ၁၀၀ကျော် ကျဆုံးခဲ့ရပါတယ်။

ရုရှားအစိုးရက မြန်မာနိုင်ငံရဲ့ အကြမ်းဖက်စစ်အုပ်စုကို တရားဝင်အသိအမှတ်ပြုတယ်လို့ စွပ်စွဲခဲ့တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ရုရှားဒုကာကွယ်ရေးဝန်ကြီး Alexander Fomin ရဲ့ မြန်မာခရီးစဉ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။

ရုရှားအနေနဲ့ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာကြာ မျှတပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိခဲ့ကြတယ်။ အပြန်အလှန်ဆက်ဆံရေးအကြား တိုးတက်မှုတွေလည်း ရှိခဲ့တယ်။ ဒီရှုထောင့်ကပဲ ရှုမြင်သင့်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ ဒီလိုဝမ်းနည်းစရာကောင်းတဲ့ အခင်းအကျင်းတွေကို ထောက်ခံတယ်လို့ လုံးဝမရည်ရွယ်ဘူးလို့ Dmitry Peskov က ပြောခဲ့ပါတယ်။

Ref : Reuters
Photo : MPA

Delta News

Read Previous

ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမယ်

Read Next

လူမဆန်တဲ့ဖိနှိပ်မှုတွေ ရပ်တန့်မယ့် လက္ခဏာမတွေ့ရဘူးလို့ ကုလပြော

Most Popular