နိုင်ငံရေး

မြန်မာအရေးအပေါ် ရုရှားအစိုးရဘယ်လိုရပ်တည်လဲ

မြန်မာနိုင်ငံမှာ အရပ်သားသေဆုံးမှုအရေအတွက် မြင့်တက်လာတဲ့အပေါ် အင်မတန်စိုးရိမ်မိတယ်လို့ ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskovက မတ်လ ၂၉ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာနဲ့ ပတ်သတ်ပြီး ရုရှားရဲ့ ရပ်တည်ချက်ကို နားလည်မှုမလွဲသင့်ဘူးလို့လည်း သူကဆက်ပြောခဲ့ပါတယ်။ မတ်လ ၂၇ရက်နေ့ တပ်မတော်နေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမယ်

မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်တယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေက မတ်လ ၂၉ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ လက်ချက်ကြောင့် ဆန္ဒပြသူအမြောက်အများသေဆုံးခဲ့ပြီးနောက် ဗြိတိနိုင်ငံက အခုလို တောင်းဆိုလိုက်တာပါ။ ဒါ့ကြောင့်လုံခြုံရေးကောင်စီအဖွဲ့ ၁၅နိုင်ငံပါဝင်ဟာ မတ်လ [ဆက်လက်ဖတ်ရှုရန်]

Uncategorized

မြန်မာ့စီးပွားရေး ၁၀ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်သတိပေး

နိုင်ငံတွင်း မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် အခုနှစ် မြန်မာစီ့းပွားရေး ၁၀ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးကြေညာလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပြည်လုံးကျွတ်သပိတ်တွေ ၊ ဆန္ဒပြပွဲတွေနဲ့ အရေးယူပိတ်ဆို့မှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အခုနှစ် စီးပွားရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမေရိကန်နဲ့ ဗြိတိန်က မြန်မာစစ်တပ်ပိုင်လုပ်ငန်းနှစ်ခုကို အရေးယူဒဏ်ခတ်

အမေရိကန်နဲ့ဗြိတိန်က မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းကြီးနှစ်ကို အရေးယူပိတ်ဆို့မှု စာရင်းသွင်းလိုက်ပြီလို့ မတ်လ ၂၅ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီလုပ်ငန်းနှစ်ကတော့ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MHL)နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)တို့ဖြစ်ပြီး သူတို့ဟာ မြန်မာ့စီးပွားရေးလောကရဲ့ အစိတ်အပိုင်းတော်တော်များများကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တောင်ကိုရီးယားဘဏ်နှစ်ခုက မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ လုပ်ငန်းတွေကို ချေးငွေထုတ်ပေးခဲ့

တောင်ကိုရီးယားနိုင်ငံရဲ့ အထင်ကရဘဏ်ကြီးနှစ်ခုဖြစ်တဲ့ Shinhanနဲ့ Hana ဟာ မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေးငွေထုတ်ပေးတာနဲ့ ရင်းနှီးမြုပ်နှံတာတွေ ပြုလုပ်ခဲ့တယ်လို့ The Korea Herald သတင်းဌာနက ဒီနေ့မတ်လ ၂၅ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ၂၀၁၉ခုနှစ် စက်တင်ဘာလမှာ Shinhan [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေး အာဆီယံအစည်းအဝေးခေါ်ဖို့ အင်ဒိုနီးရှားသမ္မတ တောင်းဆို

လက်ရှိမြန်မာနိုင်ငံအရေးနဲ့ ပတ်သတ်ပြီး အာဆီယံခေါင်းဆောင်တွေအနေနဲ့ အဆင့်မြင့်အရာရှိ အစည်းအဝေးခေါ်ဖို့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။ အမြန်ဆုံး အစည်းအဝေးခေါ်ဖို့ အာဆီယံအကြီးအကဲဖြစ်တဲ့ ဘရုနိုင်းဘုရင်ကို ချက်ချင်းတောင်းဆိုသွားမှာပါ လို့ သူက အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောလိုက်တာပါ။ ဘရုနိုင်းနိုင်ငံဟာ လက်ရှိအာဆီယံဥက္ကဌတာဝန်ယူထားတာ ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေကို အရေးယူဖို့ အီးယူပြင်ဆင်နေ

အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်နွယ်ပတ်သတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူဖို့ ဥရောပသမဂ္ဂအဖွဲ့က လာမယ့်သီတင်းပတ်မှာ အတည်ပြုသွားမယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက မတ်လ ၁၆ရက်နေ့မှာ ပြောပါတယ်။ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် ဥရောပသမဂ္ဂဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ရည်ညွှန်းပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုမှတ်တမ်းတွေကို ကုလစုံစမ်းရေးအဖွဲ့ စုဆောင်း

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုသက်သေမှတ်တမ်းတွေကို စုဆောင်းထိန်းသိမ်းထားကြဖို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့က ဒီနေ့မှာတိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ဒီမိုကရေစီလိုလားနဲ့ ဆန္ဒပြပွဲတွေကို လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နင်းမှုအတွင်း ဆန္ဒပြသူအယောက် ၁၈၀ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

R2P ဆိုတာဘာလဲ?

Responsibility to Protect (R2P)ဟာ နိုင်ငံတစ်နိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ၊ စစ်ရာဇဝတ်မှုတွေ ၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ရာဇဝတ်မှုကျူးလွန်မှုနဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေ ဖြစ်ပေါ်လာရင် နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂစစ်တပ်နဲ့ နိုင်ငံတကာစစ်တပ်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အိန္ဒိယဘက်နယ်စပ်ဖြတ်ကျော်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ၄၀၀ကျော်အနက် အများစုက ရဲနဲ့မီးသတ်ဝန်ထမ်းတွေဖြစ်

၁၆ ၊ မတ်လ ၊ ၂၀၂၀ ။ ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက အိန္ဒိယနိုင်ငံဆီကို ဖြတ်ကျော်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားဦးရေ ၄၀၀ကျော်ရှိလာပြီး အများစုက ရဲနဲ့မီးသတ်ဝန်ထမ်းတွေ ဖြစ်တယ်လို့ အိန္ဒိယရဲအရာရှိတစ်ဦးက မတ်လ ၁၅ရက်နေ့က ပြောပါတယ်။ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံမှာစစ်တပ်က [ဆက်လက်ဖတ်ရှုရန်]