R2P ဆိုတာဘာလဲ?

Responsibility to Protect (R2P)ဟာ နိုင်ငံတစ်နိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ၊ စစ်ရာဇဝတ်မှုတွေ ၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ရာဇဝတ်မှုကျူးလွန်မှုနဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေ ဖြစ်ပေါ်လာရင် နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂစစ်တပ်နဲ့ နိုင်ငံတကာစစ်တပ်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်တဲ့ လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအကြား သဘာတူခဲ့တဲ့ ၂၀၀၅ခုနှစ်ကတည်းက R2Pဟာ အရေးပါတဲ့ကမ္ဘာလုံးဆိုင်ရာ အခြေခံသဘောတရားတစ်ရပ်အဖြစ် လူသိများလာခဲ့ပါတယ်။

၁၉၉၀ခုနှစ်တွေအတွင်း ယခင်ယူဂိုဆလားဗီးယားပြည်ထောင်စုနဲ့ ရဝမ်ဒါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စဉ်တွေမှာ ပြည့်ပြည့်ဝဝတုံပြန်ဖို့ အားနည်းခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံသားတွေကိုအကာအကွယ်ပေးရေး အဲ့ဒီလုပ်ထုံးလုပ်နည်း ပေါ်ပေါက်လာတာပါ။

Global Center for Responsibility to Protect (GCR2P)အဖွဲ့က မတ်လ ၁၅ရက်နေ့ထုတ်ပြန်ချက်အရ R2P ဝင်သင့်တဲ့စာရင်းထဲမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

GCR2Pအဖွဲ့ဟာ နိုင်ငံတကာအကာအကွယ်ပေးရေး R2Pကို ဖော်ဆောင်ဖို့ အထောက်အကူပြုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့မှာ ရုံးချုပ်ဖွင့်လှစ်ထားတာပါ။

ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ပြစ်မှု ကျူးလွန်ခံနေရတယ်။ ဒါ့အပြင် လူပေါင်း ၁၃၀ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၂၀၀၀ကျော် ဖမ်းဆီးခံထားရတယ်လို့ GCR2Pအဖွဲ့က သူတို့ရဲ့ ဝက်ဆိုက်မှာရေးသားထားပါတယ်။

အတွဲနံပါတ်စဉ် ၅၆နဲ့ အဲဒီထုတ်ပြန်ချက်အရ အန္တရာယ်ရှိအနီရောင်အဆင့်ဇုန်ထဲမှာ မြန်မာနိုင်ငံအပြင် တရုတ် ၊ ကင်မရွန်း ၊ အီသီယိုးပီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံလည်း ပါဝင်ပါတယ်။

Ref : globalr2p.org

Delta News

Read Previous

အိန္ဒိယဘက်နယ်စပ်ဖြတ်ကျော်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ၄၀၀ကျော်အနက် အများစုက ရဲနဲ့မီးသတ်ဝန်ထမ်းတွေဖြစ်

Read Next

စစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုမှတ်တမ်းတွေကို ကုလစုံစမ်းရေးအဖွဲ့ စုဆောင်း