တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၁၀၁)ဦးကို ထိုင်းနိုင်ငံ ၊ ချင်းရိုင်အာဏာပိုင်တွေက ဒီနေ့ မေလ ၁၇ရက်နေ့မှာ နေရပ်ပြန်ပို့ခဲ့တယ်လို့ ထိုင်းသတင်းဌာန The Nation က ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ Mae Sae နယ်စပ်ဂိတ်မှာ သူတို့ကို မြန်မာအာဏာပိုင်တွေလက်ထဲ ပြန်လည်လွှဲပြောင်းပေးခဲ့တာပါ။
နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံက ရောက်ရှိလာတဲ့ နေရပ်ရွေ့ပြောင်းသူတွေကို ဥပဒေအတိုင်း တရားစွဲဆိုပြီး နေရပ်ပြန်ပို့ခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ အိမ်နီးချင်းထိုင်းနိုင်ငံဆီ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေ သိသိသာသာ မြင့်တက်လာနေတာ ဖြစ်ပါတယ်။
Ref : The Nation