အာဏာသိမ်းမှု နောက်ဆက်တွဲ မြန်မာ့ဘဏ္ဍာရေးနှင့်‌‌ ငွေကြေးစနစ်ပြိုလဲမှု လားရာ

ဖေဖေါ်ဝါရီလ (၁)ရက်နေ့ကစလို့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မှောင်မိုက်သွားခဲ့ပြီဖြစ်သလို ပညာရေး၊ကျန်းမာရေး၊လူမှုစီးပွား အခြေအနေ အရပ်ရပ်ဟာ များစွာပျက်ယွင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။

ခုချိန်မှာတော့ ဘဏ်တွေ ဘယ်လို အခြေအနေဆက်သွားမလဲဆိုတာ ပြည်သူတိုင်းတွေးဆ နေကြမှာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် တိုင်ပြည်စီးပွားရေးထိခိုက်မှုတွေကို နှိုးဆွဖို့၊ကုစားဖို့ လုပ်ရမယ့်အချိန်မှာ အာဏာသိမ်းမှုကို ရုတ်တရက်ကြုံလိုက်ရတဲ့ နိုင်ငံအတွက်ကတော့ ဆုံးရှုံးမှုတွေက ဘယ်လောက်အတိုင်းအတာအထိ ဖြစ်လာမှလဲ……။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ လတ်တလော ဘဏ်နဲ့ ငွေကြေး ပြသာနာတွေကို ဘယ်လိုကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ အများက အာရုံစိုက်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ရသုံးဘတ်ဂျက်ဟာ လိုငွေပြစနစ် ကိုကျင့်သုံးတာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မှာ လိုငွေက ကျပ် ၅၉၀၀ ဘီလီယံ( ၅.၉ ထရီလီယံ) ရှိပါတယ်။  NLD အစိုးရ သက်တမ်းမှာပင် ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှုတွေကို နှိုးဆွဖို့အတွက် World Bank ,IMF တို့ရဲ့ အကူအညီ(ခန့်မှန်း US$ 1.3 Billion) နဲ့ ဆောင်ရွက်ရမယ့် ကိစ္စတွေက ယခုအခြေအနေတွေကြောင့်ရပ်ဆိုင်းသွား ခဲ့ ပြီဖြစ်ပါတယ်။  NLD အစိုးရအနေနဲ့ ငွေမာကို အာမခံထားပြီး Injection ထိုးထည့်ခြင်းအားဖြင့် စီးပွားရေးကို နှိုးဆွမည့် အစီအမံ ရှိခဲ့တာပါ။ မူလ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းမယ့် အစီအစဉ် ဖြစ်တဲ့ အစိုးရငွေတိုက်စာချုပ်၊ငွေချေးစာချုပ် ရောင်းချမှု နဲ့ ဗဟိုဘဏ်ဆီမှ ချေးယူမှုတွေက ၃ ထရီလီယံ ပမာဏ ဖြစ်ပါတယ်။သို့သော် အာဏာသိမ်းအပြီး T-bill,T-bond ရောင်းချမှုကအလုပ်မဖြစ်ခဲ့ပါဘူး။ 

Photo : GETTY IMAGES/PAULA BRONSTEIN

        အခွန်ရငွေနဲ့ ပတ်သတ်ပြီး ၉ ထရီလီယံ‌ လျာထားခဲ့ပေမယ့် ကိုဗစ်ကာလ relief plan နဲ့ ခုကာလမှာ ဖြစ်ပျက်မှုတွေကြောင့် ၄၀ ရာနှုန်းလောက်သာ အများဆုံးရနိုင်ချေရှိပါတယ်။စီးပွား‌ေရးလုပ်ငန်း‌ေတွ၊ကုန်သွယ်မှုလုပ်ငန်းတွေ ရပ်တန့်မှုနဲ့အတူ ပြည်တွင်းထုတ်လုပ်မှု နှင့် ဝန်ဆောင်မှု GDP က ထိုးကျသွားတဲ့အပြင် Sanction ကြောင့် နိုင်ငံပိုင်ထုတ်လုပ်မှုနဲ့သယံဇာတလုပ်ငန်းမှရငွေ တွေလည်း လျော့နည်း သွားပြီး လိုငွေကတော့ လျော့သွားမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကုန်သွယ်မှု လိုငွေ (Trade Deficit) ကြီးကြီမားမားပေါ်ပေါက်လာပြီး ဒေါ်လာ ရှားသွားကာ ငွေမာ မလုံမလောက်ဖြစ်လာပါတယ်။ ထို့အပြင် နိုင်ငံခြားရင်းနှီး မြုပ်နှံ မှုတွေ ဆုတ်ခွာ သွားတဲ့ သက်ရောက်မှုက  လည်း ထပ်မံ ပေါင်းစပ်လာပါတယ်။ မူလ ကတည်းက လိုငွေ ၅.၉ ထရီလီယံ ထက်ကို ဘယ်လောက်များ လာနိုင်မလဲ ဆိုတာ မှန်းဆ ကြည့်နိင်ပါတယ်။

လတ်တလော ဘဏ်တွေရဲ့ အကြပ်အတည်းနဲ့ပတ်သတ်ပြီး ဗဟိုဘဏ်က ဖြေရှင်းဖို့နည်းလမ်းတွေ ကြိုးစားနေကြပေမယ့် အဓိကပြသာနာကို မကိုင်တွယ်နိုင်ရင်ဆေးမြီးတိုသာဖြစ်လာမှာဖြစ်ပြီး အောင်မြင်နိုင်ဖွယ်ရာ လုံးဝ မရှိပါဘူး။ဘဏ်‌တွေကို ထိန်းကျောင်းတာအပါအဝင်ငွေစက္ကူအသစ် ရိုက်ထုတ်ခြင်း‌ေတွ လုပ်လာမယ်လို့‌တွေးဆရပါတယ်။ ဒီအတောအတွင်းမှာပဲ ပုဂ္ဂလိက ဘဏ်တွေရဲ့ဗဟိုဘဏ်မှာ အပ်နှံထားရှိရမယ့် အနည်းဆုံးသီးသန့် ငွေလိုအပ်ချက် (Mininumn Reserve Requirement) ကို ရာခိုင်နှုန်းလျော့တာလုပ်ပေမယ့် ငွေကြေးလည်ပတ်မှုကို ပြန်လည်သွက်လက်စေမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပြည်သူတွေရဲ့ မယုံကြည်မှုက ဆက်ဖြစ်နေမှာ ဖြစ်ပြီး လှည့်ပတ်သုံးစွဲငွေထဲမှာကိုပဲ ပျောက်သွားမှာဖြစ်ပါတယ်။

ဒါတွေဘာ့ကြောင့်ဖြစ်တယ်ဆိုတာကို ဗဟိုဘဏ်က သတင်းစာရှင်းလင်းပွဲတွေကနေ ဖြေရှင်းချက်အမှားတွေ ပေးနေပြီး နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ဖြစ်တယ်ဆိုပြီးပြောပေမယ့်ဒါဟာ နိုင်ငံရေးသမားတွေဘက်ကို အပြစ်ဖို့ တဲ့သဘောနဲ့ ရောထွေးေစလိုက်ပါတယ်။ ငွေကြေး ယုံကြည်မှု အဆောက်အဦ (Trust Building)ဟာ အာဏာသိမ်းမှုကြောင့် ပြိုကျသွားပြီဖြစ်တာကို ဗဟိုဘဏ်အ‌နေနဲ့   ဝန်ခံရမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ငွေတွေတန်ဖိုး ဆက်တိုက်ကျဆင်း မှုကိုပင် မထိန်းနိုင်တဲ့ ဗဟိုဘဏ် ကို အယုံအကြည် ရှိလာမှာမဟုတ်တဲ့အပြင် ဒေါ်လာထုတ်ရောင်းတာ/ဝယ်ယူတာ တွေနဲ့ ငွေကြေးဈေးကွက်ကို ပုံမှန်ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ်တွေပါ ပျက်ကွက်နေတာတွေဟာ ပြည်သူတွေကို ပိုအထိနာစေပြီး ကုန်သွယ်မှုလုပ်ငန်းတွေလည်း ကိုရပ်တန့်သွားစေပါတယ်။

ငွေစက္ကူ အသစ် ရိုက်ထုတ်ဖို့ ငွေမာ လုံလုံ လောက်လောက် မရှိဘဲနဲ့ တော့ ပြည်သူ့ဆီက ယုံကြည်မှု ရနိုင်စရာ အကြောင်း မရှိပါဘူး

မကြာခင်ကာလ မှာပဲ  ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူအသစ်ရိုက်ထုတ်ပြီး ထိန်းဖို့ကြိုးစားဦးမယ့် အနေအထားရှိလာနိုင်ပါတယ်။အာမခံ မရှိပဲနဲ့ ငွေစက္ကူ အလွန်အမင်းရိုက်ထုတ်ခြင်းရဲ့ ဆိုးကျိုးကို ဗဟိုဘဏ်က တာဝန်ရှိသူတွေ ပိုသဘောပေါက်မှာဖြစ်ပါတယ်။ ဘတ်ဂျက်လို‌ေငွအပြင် ၊ဘဏ်တွေမပြိုလဲ‌ေအာင် ရိုက်ထုတ်ရမယ့်ပမာဏက အမြောက်အမြားဖြစ်ပြီး ခန့်မှန်းချေ ၅ ထရီလီယံ လောက် ရှိမှာပါ။ ဒါကို ဗဟိုဘဏ်အနေနဲ့ တုန့်ပြန်မှုအပေါ်မူတည်ပြီး ငွေစက္ကူကို ပမဏအလိုက် ထိုးထည့်(Injection)လာနိုင်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေမှာလည်း အရင်ကတည်းက ကြွေးဆုံးတွေ(NPL) အများအပြားရှိနေတာပါ။၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ပြည်သူတွေရဲ့ ဘဏ်အပ်ငွေ ကျပ် ၁၇ ထရီလီယံ ‌ရှိပြီး NPL က ၉ ထရီလီယံ ခန့် ရှိခဲ့ပါတယ်။ဒါဟာ ကျန်ခဲ့တဲ့ ၃ နှစ်က ဖြစ်ပြီး ခုချိန်မှာ ကိန်းဂဏန်းပိုများလာမှာ ဖြစ်ပါတယ်။  Trust Building ပြိုလဲမှုကြောင့် ငွေသားက အထုတ်သာရှိပြီးအသွင်းမရှိတဲ့ အနေအထားမှာ ပြည်တွင်းကျပ်ငွေဟာ ( local currency)  ဟာ ရှားပါးသွားတာပဲဖြစ်ပါတယ်။ အမေရိကန်က USD 1 billion Freeze လုပ်ထားတာရယ်၊တခြား အာမခံရယ် မရှိတာကြောင့် ငွေစက္ကူရိုက်ထုတ်မှု ရှိလာမယ်ဆိုရင် ငွေကြေးဖောင်းပွမှုနှုန်း( Inflation rate) ဟာ ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ငွေမာဖြစ်တဲ့ ဒေါ်လာကို ဘယ်လို ရှာယူမလဲဆိုတာလည်း ဆက်စပ်လာပါတယ်။  တရုတ်နိုင်ငံဆီမှ အကူအညီရယူမှု ပုံစံမျိုးနဲ့ Hard Currency အတွက် ကြိုးစားဖန်တီးလို့ ရနိုင်ပေမယ့် Local Currency အတွက်ဆိုရင်တော့ ဂျာမနီက ငွေစက္ကူ နဲ့ ဆေးသားကုန်ကြမ်း sanction လုပ်ထားလို့ ဗဟိုဘဏ်ကို ခေါင်းခြောက်စေမှာ ဖြစ်ပါတယ်။အရည်အသွေးပုံစံ တမျိုးနဲ့ ငွေစက္ကူအသစ်တွေ ထုတ်လာမယ်ဆိုရင်တော့ ပြည်သူရဲ့တုန့်ပြန်မှု အခြေအနေတွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ထည့်တွက်ထားရမှာပါ။ ငွေစက္ကူ အသစ် ရိုက်ထုတ်ဖို့ ငွေမာ လုံလုံ လောက်လောက် မရှိဘဲနဲ့ တော့ ပြည်သူ့ဆီက ယုံကြည်မှု ရနိုင်စရာ အကြောင်း မရှိပါဘူး။

နိုင်ငံတွင်းမှာလှည့်ပတ်သုံးစွဲနေတဲ့ ငွေသားကျပ် ပမာဏဟာ အမှန်တကယ်ထက် ရာခိုင်နှုန်း နည်းတာ သဘာဝဆိုပေမယ့် ခုချိန်ခါမှာတော့ ငွေကြေးတန်ဖိုးမတည်ငြိမ်မှုရယ်၊ဘဏ်တွေပြိုလဲမှာကို ပါ စိုးရိမ်နေကြတာကြောင့် နိုင်ငံရေးအခြေအနေကို ပြည်သူတွေကိုယ်တိုင် ယုံကြည်လာမှသာလျှင် ဒီအခက်အခဲကို လွန်မြောက်နိုင်မှာဖြစ်ပါတယ်။

အာဏာသိမ်းတဲ့ ရက်ပေါင်း ၁၀၀ကျော် ကာလအတွင်းမှာ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပျက်ယွင်းတဲ့အထိ ထိခိုက်ပြီး အလုပ်လက်မဲ့နှုန်းကလည်း များပြားလာပါတယ်။ ပြည်သူတွေရဲ့ အာဏာရှင်ဆန့်ကျင်မှုတွေဟာ  ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် နည်းပါးသလိုရှိပေမယ့် အာဏာသိမ်းတဲ့ အထက်ပါအကျိုးဆက်တွေကြောင့် မပြီးဆုံးသေးတဲ့ ဇာတ်လမ်းသဖွယ်ဖြစ်နေပြီး အခွင့်အခါပေးတာနဲ့ ထတောက်မယ့် မီးတောက်တွေအဖြစ် ရှိနေဦးမှာဖြစ်ပါတယ်။

NLD အစိုးရလက်ထက် တိုင်းပြည်တည်ဆောက်ရေးကို သွားနေစဉ်မှာပဲ ခုလိုအာဏာသိမ်း‌နောက်ဆက်တွဲတွေကြောင့် တိုင်းပြည်ဟာ ဆင်းရဲတွင်းထဲကို ပိုမို နက်ရှိုင်းစွာကျဆင်းခဲ့ရပါပြီ။ ဘယ်လို အဆုံးသတ်မှုမျိုးဖြစ်လာပါစေ မဖြစ်မနေထည့်သွင်းစဉ်းစားထားရမှာက State Building ကို ဦးစားပေးထားရမှာဖြစ်ပြီး ရှည်လျားမယ့် နိုင်ငံရေးပြသာနာတွေကိုဖြေရှင်းရင်းနဲ့အတူ ပြည်သူတွေကို ဆင်းရဲမှုက ကယ်ထုတ်ပေးနေရမယ်ဆိုတာလည်းရှိ‌နေပါတယ်။ 

       တပ်မတော်အတွင်းမှာလည်း ငွေကြေးနှင့် ဘဏ္ဍာရေးစနစ်ကို နားလည်သူတွေအနေနဲ့ ဘယ်လောက်အထိအောင် ဆိုးကျော့တွေဆက်ဖြစ်ပြီး အဆုံးသတ်ရခက်ခဲတဲ့ တိုင်းပြည်ဆင်းရဲတွင်းနက်လာမည့် အခြေအနေတွေကို သဘောပေါက်နေကြမှာဖြစ်ပါတယ်။‌ ယခုအ‌ခြေအနေဟာ ဘဏ္ဍာရေးစနစ်ပြိုလဲမှုကိုသွားနေတာ၊ကုစားဖို့ အရမ်းခက်ခဲတဲ့ အနေအထားဆီသို့ ဦးတည်နေတယ်ဆိုတာလောက်တော့ သိကြမှာပါ။

‌နောက်ဆုံး အချိန်တွေအထိ တိုင်းပြည် Failed State ဖြစ်လာတော့မယ့်အခြေအနေကနေ ဘယ်လိုအရာက ဆွဲထုတ်ကယ်တင်မလဲ ဆိုတာ……..။


အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး