ပြာပုံဖြစ်သွားတဲ့ စစ်ကိုင်းက လက်ခတ်သံတွေ


မတ်၊ ၅

“ ကျွန်တော်တို့ကတော့ လူထုကိုတမင်သက်သက်ညှင်းပန်းနှိပ်စက်နေတယ်လို့ ထင်တာပဲဗျာ။ လူထုလည်းလုပ်ကိုင်မစားနိုင်အောင် အကုန်လှည့်ပြီးဖျက်ဆီးနေတာပဲ။ ကျွန်တော်တို့ရွာတင်မကပါဘူး။ ဒီနားပတ်လည် ၇ ရွာ ၈ရွာရှိတယ်။ PDF တွေကိုထောက်ပံ့တယ်ဆိုပြီး အခုလိုမီးရှို့တာပါ” 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာ မီးရှို့ခံလိုက်ရလို့ ပိုင်ဆိုင်တဲ့ ရက်ကန်းစင်တွေ မီးရှို့ခံလိုက်ရတဲ့ရွှေဘို၊ ထူးကြီးရွာက ဒေသခံဦးမောင်ဦးရဲ့ ငြီးတွားသံပဲဖြစ်ပါတယ်။ပြာပုံတွေကိုရှင်းလင်းရင်း ငြီးတွားနေတဲ့ သူ့စကားသံတွေထဲမှာ နာကျင်မှုတွေကို တွေ့နိုင်ပါတယ်။

အဲဒီစက်ယက္ကန်းတွေကို လွန်ခဲ့တဲ့ ၃ နှစ်ကမှ အခက်အခဲပေါင်းစုံကြားက စတင်ထူထောင်ခဲ့တာပါ။ အဲဒီအချိန်က တစ်စင်ကို ၁၈ သိန်းကျော် ပေးခဲ့ရပြီး စက်ယက္ကန်းလည်ပတ်နိုင်အောင် ထပ်မံကုန်ကျရပါသေးတယ်။ 

လက်ရှိမှာ စက်ယက္ကန်းတွေကို ပြန်ပြင်ဖို့က တစင်ကို ၁၀ သိန်းလောက် ကုန်ကျမှာဖြစ်လို့ ပြန်လည်လုပ်ကိုင်ဖို့ သူ့အတွက်ခက်ခဲနေပါတယ်။ပိုက်ဆံရှိရင် PDF ထောက်ပို့နိုင်တယ်လို့များ ယူဆပြီး ရှို့တယ်လို့ ထင်တယ်။ ခြံဝန်းတဝန်းထဲဝင်လိုက်တာနဲ့

ရက်ကန်းစင်တွေကမြင်သာတယ်လေ။ စက်ရက်ကန်းက သံပုံပဲ ကျန်တယ်။ သစ်သားကတော့ ပြာပုံပဲကျန်တယ်’’ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာ မီးရှို့ခံလိုက်ရလို့ ပိုင်ဆိုင်တဲ့ ရက်ကန်းစင်တွေ မီးရှို့ခံလိုက်ရတဲ့

ရွှေဘို၊ ထူးကြီးရွာက ဒေသခံတဦးရဲ့ ငြီးတွားသံပဲဖြစ်ပါတယ်။အခုတော့ ထူးကြီးရွာမှာ လက်ခံသံတွေ တိတ်ဆိတ်သွားခဲ့ပါပြီ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က စစ်တပ်က သုံးရက်ကြာအောင် စစ်ကြောင်းထိုးခဲ့တဲ့ နေအိမ် ၆၀၀ လောက်ရှိတဲ့ ထူးကြီးရွာဟာ နေအိမ်ပေါင်း ၄၀၀ ကျော်မီးရှို့ခံခဲ့ရသလို ငစက်ရက်ကန်း၊ လက်ရက်ကန်းစင် ၂၀၀ ကျော်ဟာလည်း စစ်တပ်မီးရှို့တဲ့အထဲပါသွားခဲ့ပါတယ်။

ရွှေဘိုမြို့နယ်၊ ထူးကြီးရွာက ဦးလွင်ဦး (အမည်လွှဲ)ရဲ့  စက်ယက္ကန်းစင် ၅ စင်ဟာလည်း စစ်တပ်ရဲ့ မီးရှို့မှုတွေထဲ ပါသွားပါတယ်။ လက်ရှိမှာ အိမ်နဲ့ လက်ယက္ကန်းတချို့ဟာလည်း မီးထဲ ပါသွားပြီး ပြာတွေကို ရှင်းလင်းမှုတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။ 

ထူးကြီးရွာမှာ စက်ရက်ကန်းစင် ၁၀ စင် နဲ့အထက်ရှိတဲ့ ရက်ကန်ရုံး (၁၀) ရုံကျော် ပါသွားပြီး ရက်ကန်စီးပွားရေး တစ်ခုတည်းကိုပဲ မှီခိုလုပ်ကိုင်စားသောက်နေတဲ့ အိမ်ထောင်စု (၁၀၀) ကျော် ရှိပါတယ်။ 

“သူတို့က pdf ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ အဲလို မဟုတ်လည်း အဲဒီဘက်က ရွာတွေ အရှို့ခံနေရတာပဲဗျ။ သူတို့က pdf တွေကို မနိုင်တော့ နိုင်တဲ့ ဟာကို ရှို့သွားတာပေါ့နော်။ pdf တွေကို ယှဉ်ပြီး တိုက်ဖို့ မလွယ်တော့ သူတို့နိုင်တဲ့ ပြည်သူလောက်ကိုပဲ မဲပြီးတော့ မီးရှို့သွားတာပါ။ သူတို့က pdf တွေနဲ့ ယှဉ်လိုက်တိုင်း သူတို့ကပဲ အကျအဆုံးများတယ်” S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင် က ပြောပါတယ်။ 

အဲဒီရက်ပိုင်းက ရွှေဘို၊ ဝက်လက်နယ်တစ်ဝိုက်မှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အများအပြား သေဆုံးခဲ့ပါတယ်။ စစ်တပ်ဟာ ဒေသကာကွယ်ရေးတပ် (PDF)တွေကို မယှဉ်နိုင်ချိန်မှာ PDF တွေကို ထောက်ပံ့ပေးတယ်ဆိုတဲ့ ယူဆချက်နဲ့ အရပ်သားအိမ်တွေနဲ့ လုပ်ငန်းတွေကို မီးရှို့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်- ရွှေဘိုက ရဲဘော်တစ်ဦးက ပြောပါတယ်။ 

“ပိုက်ဆံရှိရင် pdf ထောက်ပို့နိုင်တယ်လို့ ယူဆလိုများ ရှို့တယ် ထင်တယ်။။ ခြံဝန်းတစ်ဝန်းထဲ ဝင်လိုက်တာနဲ့ ရက်ကန်းစင်တွေက မြင်သာတယ်လေ။ ထူးကြီးတည်ပင်က လုပ်ငန်းရှင်တွေ မီးရှို့ခံရတာ အတော်အထိနာတယ်။ စက်ရက်ကန်းက သံပုံပဲ ကျန်တယ်။ သစ်သားက ပြာပုံပဲ ကျန်တယ်” လို့ သူက ပြောပါတယ်။ 

စစ်တပ်ရဲ့ စစ်ကြောင်းဟာ ထူးကြီးကျေးရွာကိုသာမက ကျောက်မြစ်တင်၊ တည်ပင်၊ ပလိုင်း၊ ပေါက်ချိုင့် စတဲ့ အနီးအနားက ကျေးရွာတွေရဲ့ ရက်ကန်းရုံတွေကိုလည်း နေအိမ်တွေနဲ့အတူ မီးရှို့ခဲ့ပါတယ်။ 

အဲဒီရွာတွေက ရိုးရာအထည်တွေဟာ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာက ရိုးရာအထည်ဒိုင်တွေကို အဓိက တင်သွင်းကြပါတယ်။ အညာရိုးရာအဆင်ထည်တွေသာမက ကချင်ထည်၊ ချင်းထည်တွေကိုလည်း ရက်လုပ်ကြပါတယ်။ 

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ဆိပ်ခွန်ရိုးရာအထည်တွေကို ရွှေဘိုမြို့နယ်ထဲက အဲဒီရွာတွေအပြင် ဝက်လက်၊ ဒီပဲယင်း၊ ခင်ဦး စတဲ့ မြို့နယ်တွေမှာလည်း ရက်လုပ်ကြပါတယ်။

စစ်ကိုင်းတိုင်းထဲက ကျေးလက်ဒေသတွေမှာ မိန်းကလေးရှိတဲ့ နေအိမ်အများစုမှာ လက်ရက်ကန်းစင်တွေ ရှိတတ်ကြပါတယ်။

အဲဒီဒေသတွေက ထွက်ရှိတဲ့ အထည်တွေဟာ ဆိပ်ခွန်အထည်ဒိုင်တွေကနေ တစ်ဆင့် နယ်စပ်ဒေသအပါအဝင် နိုင်ငံအနှံကို ဖြန့်ချီတာဖြစ်ပြီး ဆိပ်ခွန်အထည်တွေဟာ မြန်မာနိုင်ငံမှာ နာမည်ကြီးပါတယ်။ 

ဒါကြောင့် ဆိပ်ခွန်ထည်တွေ ရက်လုပ်တဲ့ ကျေးရွာကြီးတွေ မီးရှို့ဖျက်စီးခံရတာဟာ နိုင်ငံရဲ့ ရက်ကန်းဓလေ့နဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖျက်ဆီးရာ ရောက်တယ်လို့ ဝေဖန်နေကြပါတယ်။ 

စစ်တပ်ရဲ့ ယက္ကန်းရုံတွေကို အိမ်တွေနဲအတူ မီးတင်ရှို့နေမှုဟာ ထူးကြီးရွာ ဖြစ်စဉ်က လူသိများခဲ့သော်လည်း စစ်ကိုင်းက ရိုးရာ ယက္ကန်းရုံတွေဟာ မကြာခဏ မီးရှို့ခံနေရပါတယ်။ 

စစ်ကိုင်းက ရိုးရာယက္ကန်းရုံးတွေ မီးရှို့ခံရမှုဟာ စစ်တပ်ရဲ့ စစ်ကိုင်းမှာ ကျူးလွန်နေတဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်မှုတွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံးတွေကို လေကြောင်းက တိုက်ခိုက်မှုတွေနဲ့ အိမ်နဲ့ စပါးကျီတွေ မီးရှို့ခံရမှုတွေထဲ မထင်မရှားဖြစ်စဉ်တစ်ခု‌ ဖြစ်နေခဲ့တာပါ။ 

စစ်ကိုင်းမှာ နာမည်ကျော် ဆိပ်ခွန်ထည်တွေ ရက်လုပ်တဲ့ ကျေးရွာတွေက စက်ရက်ကန်း၊ လက်ရက်ကန်းတွေ ဘယ်လောက်အထိ မီးရှို့ခံရသလဲဆိုတာ အဲဒီဒေသတွေမှာ စစ်တပ်က စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတဲ့အတွက် စာရင်း တိတိကျကျ မရှိသေးပါဘူး။ 

ထောင်နဲ့ချီတဲ့ စက်ယက္ကန်း၊ လက်ယက္ကန်းတွေဟာ စစ်တပ်ရဲ့ မီးရှို့ခံထားရတယ်လို့ပဲ ဒေသခံတွေက ပြောပါတယ်။ 

ခုချိန်မှာ စက်ယက္ကန်းတစ်စင်ကို ၂၅ သိန်း၊ လက်ယက်ကန်း တစ်စင်ကို ၆ သိန်းကျော် တန်ကြေးရှိပါတယ်။  ခုတော့ ဒေသခံတွေဟာ စစ်တပ်ကို ရွံကြောက်တဲ့အတွက် စစ်ရှောင်နေရပြီး ပြာပုံဖြစ်နေတဲ့ အိမ်နဲ့ ရက်ကန်းရုံတွေကို ပြန်လည်ထူထောင်ဖို့ ခက်ခဲနေပါပြီ။ 

“ပြန်လည်ထူထောင်ဖို့ မပြောနဲ့ အိမ်တောင်မှ မနည်းပြန်လည် ဆောက်ရမှာဖြစ်နေတော့ ဒီအမွေအနှစ်လုပ်ငန်းကို စွန့်ခွာပြီးတော့ တခြားမြို့တွေမှာ အလုပ်တွေ ထွက်လုပ်ရတဲ့ သူတွေ ရှိလာတယ်။ အမျိုးသမီးငယ်တွေက အိမ်ဖော်တွေ လုပ်ရတဲ့ သူတွေ ရှိလာတာပေါ့”လို့ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ ကိုစိုးမိုးအောင်က ပြောပါတယ်။ 

S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က စစ်တပ်ရဲ့ မီးရှို့ခံလိုက်ရတဲ့ ရက်ကန်စင်တွေအတွက် ဒေသခံတွေကို လက်ယက္ကန်းစင် (၁၀)စင်ကို လှူပေးဖို့ ပြင်ဆင်နေပါတယ်။ 

အဲဒီ ဒေသခံအားလုံးကို ပြန်လည်ထောက်ပံ့ချင်ပေးမဲ့ မတတ်နိုင်တဲ့အတွက် ၁၀ စင်ကို မဲစနစ်နဲ့ မဲဖောက်ပေးမှာဖြစ်ပါတယ်။ လှူဒါန်းချင်တဲ့ ပြည်သူတွေ ရှိရင်လည်း ရက်ကန်းစင်တွေ လှူဒါန်းနိုင်ပြီး မဲစနစ်နဲ့ လှူဒါန်းပေးမယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ခုခံတော်လှန်းမှု အားအကောင်းဆုံးဖြစ်တဲ့ အညာဒေသရဲ့ စစ်ကိုင်းတိုင်းဟာ  အချိန်တနာရီပြည့်တိုင်း နေအိမ် သုံးလုံးထက်မနည်းကို စစ်တပ်က မီးရှို့နေတဲ့အထိအခြေအနေဖြစနေပါပြီ။

စစ်တပ်ဟာ နိုင်ငံတစ်ဝန်းက အရပ်သားတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်စီးမှုတွေထဲ စစ်ကိုင်းတိုင်းမှာ ၈၀ ရာခိုင်နှုန်းနီးပါးဖြစ်ပွားခဲ့တယ်လို့ Data for Myanmar ရဲ့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။ 

စစ်ကိုင်းတိုင်းမှာ အရပ်သားပြည်သူတွေရဲ့ အိုးအိမ်တွေပဲ ဖျက်စီးမီးရှို့ခံနေရတာ မဟုတ်ဘဲ စာသင်ကျောင်းနဲ့ ဆေးရုံးဆေးခန်းတွေ၊ စိုက်ပျိုးထားတဲ့ လယ်ယာမြေတွေ၊ သိုလှောင်တဲ့ စပါးကျီတွေ၊ စက်မှုလက်မှု အလုပ်ရုံတွေနဲ့  နှစ်ရှည်လများ စုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေ စတဲ့ အရာတွေကို စစ်တပ်ဟာ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီတလတည်းကိုကြည့်ရင်ပဲ စစ်ကိုင်းမှာနေအိမ်ပေါင်း ၆၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံလိုက်ရပြီးစစ်ကိုင်းတိုင်းကနေအိမ်က ၉၉ ရာခိုင်နှုန်းကျော်ပါဝင်နေတယ်လို့ NUG ရဲ့  တရားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

နာမည်ကျော် ဆိပ်ခွန် လုံချည် တစ်ထည်ဟာ လက်ယက်ကန်းထည်ဖြစ်ပါ ၄သောင်းခွဲ တန်ကြေးရှိပြီး စက်ယက်ကန်းထည်ဖြစ်ပါက တစ်သောင်းဝန်းကျင်ရှိပါတယ်။ လုံချည်တစ်အုပ်ဈေးဟာ တစ်သောင်းကျော်ကနေ ၂သိန်းကျော်အထိ ဈေးနှုန်း အမျိုးမျိုးရှိပါတယ် ထူးကြီးရွာက စက်ရက်ကန်းစင် (၅) စင်ပိုင်တဲ့ ဦးမောင်ဦးက ရှင်းပြပါတယ်။ 

ဦးမောင်ဦးကတော့ မီးရှို့ခံထားရတဲ့ ရက်ကန်းစင် (၅)စင်ကို ဒီအတိုင်းပဲ ထားရမလား၊ ရတဲ့ဈေး (၈) သိန်းနဲ့ပဲ ရောင်းလိုက်ရမလား မသိသေးပါဘူး။ မီးလောင်ပြီးသားရက်ကန်းစင်တွေဟာ ထပ်မံဈေးနှိမ့်ခံရတတ်ပါတယ်။ 

ဒီစင်တွေကို ပြန်ပြင်မယ်ဆိုရင်လည်း ထပ်မံ ရင်းနှီးမဲ့ ငွေကြေးက ခက်ခဲနေသလို့ စစ်တပ်က နောက်တစ်ကြိမ် လာပြီး မီးမရှို့ဘူးလို့လည်း မပြောနိုင်ပြန်ပါဘူး။

“ဘာတွေ လုပ်ကိုင်စားသောက်ရမလဲတော့ မသိတော့ဘူးဗျာ။ ပြည်သူကို ငတ်ပြတ်အောင်ပဲ တမင်သက်သက် လုပ်နေတာလား။ ကျုပ်တို့ကတော့ မကျေနပ်ဘူး” လို့ ဦးမောင်ဦးက ပြောပါတယ်။