မြန်မာမူဆလင်အသင်းက အောက်ဆီဂျင်အိုးတွေ စတင်ရောက်ရှိ
မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းအတွင်း အောက်ဆီဂျင်လိုအပ်များပြားနေပြီးတော့ စျေးနှုန်းကြီးမြင့်နေတာကြောင့် မြန်မာမူဆလင်အသင်းက ပြည်သူတွေ စျေးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိုင်ဖို့ မှာယူထားတဲ့ အောက်ဆီဂျင်အိုးတွေအနက် ပထမအသုတ်ဟာ ဩဂုတ်လ ၁ရက်နေ့မှာ ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။ “အိုးတွေကတော့အသုတ်တွေခွဲပြီးရောက်တာပေါ့။စုစုပေါင်း၃၄၀၀သွင်းဖို့လျာထားတာ။၄၀လီတာအိုးကနှစ်သိန်း၊။၁၅လီတာအိုးကတော့၁၄၀၀၀၀ပေါ့။ အဲ့တာကပစ္စည်းအစုံအလင်ပေါ့ ။၃၀၀၀ကိုတော့ရောင်းပါမယ် ၄၀၀ကိုတော့ လှူဒါန်းတာတွေလုပ်ပါမယ်။ [ဆက်လက်ဖတ်ရှုရန်]