နိုင်ငံတကာရေးရာ

မြန်မာနိုင်ငံကို တိတ်တဆိတ် ရောက်ရှိခဲ့တဲ့ တရုတ် အထူးသံတမန် အာဏာသိမ်းခေါင်းဆောင်နဲ့ ဘာတွေဆွေးနွေးခဲ့လဲ 

၁၊ စက်တင်ဘာလ၊ ၂၀၂၁။ မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်မှုနဲ့ တိတ်တဆိတ်ရောက်လာခဲ့တဲ့ တရုတ်အထူး သံတမန် Sun Guoxiang ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အတူ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တားမြစ်နယ်မြေထဲ ဝင်ရောက်လာတဲ့ စစ်အုပ်စုနဲ့ KNLA တပ်မဟာ ၆ တို့ကြား ပစ်ခတ်မှုဖြစ်ပွား

၁ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်ကျေးရွာမှာ တားမြစ်နယ်မြေထဲကို ကျော်လွန်ဝင်ရောက်သည့် စစ်အုပ်စုတပ်ဖွဲ့နဲ့ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၆) တပ်ဖွဲ့တို့အကြား ဒီနေ့ (စက်တင်ဘာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန်ကြီးထောင့်က ဒလန် အသတ်ခံရတာနဲ့ပက်သက်ပြီး အပြစ်မဲ့ပြည်သူတွေ အဖမ်းခံထားရတယ်လို့ STF KGD ကြေညာ

၃၁  ၊ သြဂုတ်လ ၊ ၂၀၂၁ ။ ကန်ကြီးထောင့်မြို့မှာ ဒလန်လို့ နာမည်ကြီးနေသူ မောင်မြင့် အသတ်ခံရတာနဲ့ ပက်သက်ပြီး အပြစ်မဲ့ပြည်သူတွေ အဖမ်းဆီးခံထားရတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း ကန်ကြီးထောင့်မြို့ပြ ပြောက်ကျားအဖွဲ့ STF KGD က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တန့်ဆည်မြို့က ရွာတွေကို လုယက်ပြီးပြန်လာတဲ့ စစ်အုပ်စုယာဉ် ဒီပဲယင်းမှာ မိုင်းထိ

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။ တန့်ဆည်မြို့နယ် ကာပေါင်းကျ၊ လိပ်ခြံ၊ ရွာသစ်ကုန်း၊ တပိုး၊ အိုင်လျား၊ နှမ်းခင်းကြီး၊ သစ်တော်ပေါက်၊ သစ်စေးကုန်း စတဲ့ကျေးရွာတွေမှာ ပြည်သူတွေရဲ့ နေအိမ်တွေကိုဖျက်ဆီး ရိက္ခာတွေကို လုယက်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမြို့က ဒလန်စုရပ် လက်ဖက်ရည်ဆိုင် ဗုံးပေါက်

၃၁ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ ရေစကြိုမြို့က ဒလန်တွေရဲ့ စုရပ်တစ်ခုဖြစ်တဲ့ နေရှင်နယ် လက်ဖက်ရည်ဆိုင်အတွင်းမှာ ဩဂုတ်လ ၃၁ရက်နေ့ မနက် ၉နာရီခန့်မှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွါးခဲ့ပါတယ်။ “ဆိုင်ရှင်လည်း ဒလန်ပဲ၊ သပိတ်စစ်ကြောင်းတွေရော တော်လှန်ရေးအင်အားစုတွေရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရောင်းရငွေရဲ့ ၇၀ရာခိုင်နှုန်းကို ဆုငွေပေးမဲ့ စစ်အုပ်စုရဲ့ထီမှာ သိန်း၅ထောင်အမြင့်ဆုံးဆုတစ်ခုသာပါဝင်

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက ဆက်လက်ရောင်းချနေတဲ့ အောင်ဘာလေထီကို ပြည်သူတွေက အယုံအကြည်မရှိဘဲ ဝယ်ယူကံစမ်းခြင်းမရှိတာကြောင့် အခုလကစတင်ပြီးတော့ ထီဆုကြေးချီးမြှင့်ငွေကို ယခင်ကရောင်းချရငွေ စုစုပေါင်းရဲ့ ၆၀ရာခိုင်နှုန်းကိုသာ ဆုငွေသတ်မှတ်ထုတ်ပေးရာကနေ ၇၀ရာခိုင်နှုန်းကို တိုးမြှင့်ခဲ့ပေမဲ့ အမြင့်ဆုံးဆုအဖြစ်ဟာ ကျပ်သိန်း ငါးထောင်ဆု [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ကိုဗစ်နဲ့သေဆုံးသူ ဆက်တိုက်ကျဆင်းလာတဲ့ ပုသိမ်မြို့

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၃၁ရက်နေ့က ကိုဗစ်လူနာ (၅)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ပုသိမ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသူ ၁ဦးနဲ့ နေအိမ်တွေမှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသူ၄ဦးရှိခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒလန်အသတ်ခံရပြီး ကန်ကြီးထောင့်နဲ့ပုသိမ်မှာ အဖမ်းခံရသူများလာ 

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။ ကန်ကြီးထောင့်မြို့က ဒလန်လို့ နာမည်ကြီးနေတဲ့ ကိုမောင်မြင့်ဆို သူသေနတ်နဲ့ပစ်သတ်ခံရပြီးနောက်ပိုင်း ကန်ကြီးထောင့်နဲ့ပုသိမ်မြို့မှာ လူငယ်တွေအဖမ်းခံရတာပိုများလာတယ်လို့သိရပါတယ်။ သြဂုတ်လ ၂၉ ရက်နေ့ မနက် ၆နာရီလောက်က ကန်ကြီးထောင့်မြို့ ဥယာဥ်စု ရပ်ကွက်မှာနေထိုင်တဲ့ ဒလန်မောင်မြင့် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ KNLAတို့ တိုက်ပွဲတစ်ရာကျော်ဖြစ်

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။ ဩဂုတ်လအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅)တို့ တိုက်ပွဲပေါင်း ၁၀၀ကျော်ဖြစ်ပွါးခဲ့ပြီး စစ်အုပ်စုဘက်က ၁၁၈ဦး သေဆုံးကာ ၆၈ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNUရဲ့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။ KNLA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါက်မြို့နယ် ဒိန်းကွင်းရွာအနီးမှာ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၁၀၀)ခန့်သေ

၃၁၊ ဩဂုတ်လ၊ ၂၀၂၁။ ပေါက်မြို့နယ် ဒိန်းကွင်းကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းနဲ့ ၁၀မိုင်ခန့်အကွာမှာ ဩဂုတ်လ ၃၀ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ယာဥ်တန်းကို ပေါက် PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀)လောက် သေဆုံးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]