ဒေသအလိုက် သတင်းကဏ္ဍ

အိမ်အပြင်ထွက်ရင် ပစ်မယ်လို့ စစ်အုပ်စုက ကြေညာ

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။ ပခုက္ကူမြို့မှာ မနက် ၁၀နာရီကနေ ညနေ၅နာရီအတွင်း အိမ်အပြင်မထွက်ဖို့နဲ့ အပြင်ထွက်ရင် အပစ်ခံရမယ်လို့ အကြမ်းဖက်စစ်အုပ်စုက လိုက်လံကြေညာခဲ့ပါတယ်။ စက်တင်ဘာလ ၂၉ရက်နေ့ ညပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကား၊ရဲကားတွေနဲ့ စက်တင်ဘာလ ၃၀ရက်နေ့က စတင်ပြီး [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဂိုးသွင်းနိုင်မယ်ဆိုတာကို ကြိုသိနေတဲ့ စီရော်နယ်ဒိုအကြောင်းကို ဖာဒီနန်ဖွင့်ဟလာ

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။ မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ၂ ပွဲစဉ်မှာ မန်ယူအသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အချိန်ပိုရောက်မှ အနိုင်ဂိုးကို သွင်းယူပေးပြီး နည်းပြဆိုးလ်ရှားရဲ့ ဖိအားတွေကို လျှော့ချပေးနိုင်ခဲ့ပါတယ်။ ဗီလာရီးရဲလ်အသင်းနဲ့ ပွဲစဉ်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မွန်ပြည်နယ်မှာ စစ်အုပ်စုက သူတို့ရဲ့ အုပ်ကြီးတွေကို အိမ်ကရှောင်နေဖို့ သတိပေး

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒလန်လို့ နာမည်ကြီးနေသူတွေ ၁၀ဦးထက်မနည်း အသက်ခံရပြီးနောက်မှာ အုပ်ကြီးတွေကို နေအိမ်တွေကနေ ရှောင်တိမ်းနေဖို့ စစ်အုပ်စုက သတိပေးထားတယ်လို့ သိရပါတယ်။ ” အခုတလော ဥက္ကဌတွေ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

လက်ဝှေ့လောကက အနားယူခဲ့ပြီး နိုင်ငံရေးကို တစိုက်မတ်မတ်ပြုလုပ်မယ့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီယို

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီယိုဟာ ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လက်ဝှေ့လောကကနေ အနားယူလိုက်ပြီဖြစ်တယ်လို့ ဒီကနေ့မှာ သူ့ရဲ့တွစ်တာစာမျက်နှာကနေ အသိပေးပြောကြားလိုက်ပါတယ်။ နိုင်ငံရေးနဲ့ လက်ဝှေ့အားကစားကို အစောပိုင်းကတည်းက ပူးတွဲလုပ်ဆောင်ခဲ့တဲ့ ပက်ကွီယိုဟာ အသက် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

မန်ယူနဲ့ဗီလာရီးရဲလ်၊ ဂျူဗင်တပ်စ်နဲ့ ချဲလ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ချန်ပီယံလိဂ်ည

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ မန်ယူအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၂ ပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက်မှာတော့ ဖိအားအနည်းငယ် ဝင်နေခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားအနေနဲ့ ၃ ပွဲဆက်အရှုံးမဖြစ်စေရေးအတွက် ဒီပွဲစဉ်မှာ အာရုံစိုက်ဖို့ လိုအပ်နေပြီး ပရိသတ်တွေရဲ့ အမြင်ကြည်မှုကို ပြန်ယူရမှာဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

Uncategorized

ရွှေစျေးနှုန်းတည်ငြိမ်ရေးအတွက် တစ်နေ့ ရွှေပိသာချိန် ၂၀ရောင်းချမယ်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ရွှေစျေးနှုန်းတည်ငြိမ်စေရေးအတွက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ရွှေဆိုင်တွေကနေတဆင့် တစ်နေ့ကို ရွှေပိသာချိန် ၂၀ရောင်းချသွားမယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၈ရက်နေ့မှာ လုပ်ဆောင်ခဲ့တဲ့ YGEAရဲ့ အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ အခုလို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းအစိုးရအဖွဲ့ရုံးက ဒုဦးစီးမှူးတစ်ဦး အဖမ်းခံရ

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ဒုဦးစီးမှူးတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ရုံးတွင်း သတင်းအရင်းအမြစ်တွေက Delta News Agencyကို ပြောပါတယ်။ စက်တင်ဘာလ ၂၈ရက်နေ့က ရုံးတက်နေစဉ်အတွင်း ဌာနအကြီးအကဲခွင့်ပြုချက်နဲ့ ရဲနဲ့စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

စားသောက်ကုန်ကလွဲ ကျန်လုပ်ငန်း ရာခိုင်နှုန်း၇၀ကျော် ရပ်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ စားသောက်ကုန်ကလွဲလို့ ကျန်လုပ်ငန်းစုစုပေါင်းရဲ့ ရာခိုင်နှုန်း၇၀ကျော်ဟာ ရပ်တန့်နေပြီလို့ ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာ အာဏာသိမ်းပြီးကတည်းက ရပ်ခဲ့ပြီး တတိယလှိုင်းကိုဗစ်ဒဏ် သည်းထန်စွာခံလိုက်ရတဲ့အချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းအားလုံးနီးပါး ရပ်သွားခဲ့တာပါလို့ ရန်ကုန်မြို့နေ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ‘အခုကတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန်ဒေါ်လာဈေးကွက် ကြိုက်ရောင်းကြိုက်ဝယ်ပုံစံနဲ့ ဈေးဆက်တက် 

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ဒီနေ့ရဲ့ ငွေကြေးအရောင်းအဝယ် ဈေးကွက်ဟာ အမေရိကန်တစ်ဒေါ်လာကို ကျပ်၂၆၀၀ကနေ ၃၀၀၀ကြားမှာ ကြိုက် ရောင်းကြိုက်ဝယ်ပုံစံနဲ့စခန်းသွားနေပါတယ်။ နာမည်ကြီးငွေလဲစင်တာတစ်ခုက အမေရိကန်တစ်ဒေါ်လာပေါက်ဈေး ကို ကျပ်၂၃၀၀လို့ ဒီနေ့ညနေပိုင်း မှာ သတ်မှတ်ခဲ့ပေမဲ့ အမှန်တကယ်အရောင်းအဝယ်မလုပ်ဘူးလို့ ရန်ကုန်မြို့၊ရွှေဘုံသာလမ်းအခြေစိုက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားရဲ့ အသံထက်ငါးဆပိုမြန်တဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအောင်မြင်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကြားကပဲ အသံထက် ငါးဆလောက် မြန်တဲ့ နျူကလီးယားစွမ်းအင်သုံး ဒုံးကျည်စမ်းသပ်မှုကို အောင်အောင်မြင်မြင်နဲ့ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ SkyNews သတင်းဌာနက ဖော်ပြပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်းကို [ဆက်လက်ဖတ်ရှုရန်]