ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမြို့နယ် လျှပ်စစ်ရုံး၊လဝကနဲ့ ပခန်းနယ်မြေရဲစခန်းမှာ ဗုံးပေါက်

၂၁ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ ရေစကြိုမြို့နယ်မှာ ဒီကနေ့ ဩဂုတ်လ ၂၁ရက်နေ့ နေ့လည် ၁၁နာရီခန့်က မြို့နယ်လျှပ်စစ်ရုံး၊ လဝကရုံးနဲ့ ပခန်းနယ်မြေရဲစခန်းတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့ပါတယ်။ လျှပ်စစ်ရုံး ဝန်ထမ်းလိုင်းခန်းအနီးနဲ့ လဝကရုံးအရှေ့တို့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၄ရက်အတွင်း KNLA တပ်မဟာ ၅နဲ့ အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှု အကြိမ် ၃၀ဖြစ်

၂၁ ၊ ဩဂုတ် ၊ ၂၀၂၁ ။ ဩဂုတ်လ ၁၇ရက်နေ့ကနေ ၂၀ရက်နေ့အထိ ၄ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅နဲ့ အကြမ်းဖက်စစ်အုပ်စုတို့အကြား ပစ်ခတ်မှု အကြိမ် ၃၀ဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက ၂၀ယောက်သေကာ ၃ယောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

Radio NUG ထုတ်လွှင့်မှုကို ယာယီရပ်နားထားမယ်

၂၁ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Radio NUG ကို ယာယီရပ်နားပြီးမှ ပြန်လည်ထုတ်လွှင့်မယ်လို့ ဒီနေ့ ဩဂုတ်လ ၂၁ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဆက်သွယ်ရေး ၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်တွင်းကြီးက ဒလန်ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရပြီး သေ

၂၁၊ ဩဂုတ်လ၊ ၂၀၂၁။ တောင်တွင်းကြီးမြို့ ရွှေအိုး (၁)ရပ်ကွက်မှာ ဩဂုတ်လ ၂၁ရက်နေ့ နံနက် ၈နာရီခန့်က ဒလန်လို့ နာမည်ကြီးနေတဲ့ ရာအိမ်မှူးဖြစ်သူ ဦးဇော်လတ်ကို အမည်မသိ သေနတ်သမားတစ်ဦးက အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ပြီး သေနတ်နဲ့ပစ်သွားတာကြောင့် သေသွားခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ နှစ်သိန်းကျော်လာပြီ

၂၁၊ ဩဂုတ်လ၊ ၂၀၂၁။ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်ကစပြီး မြန်မာနိုင်ငံ တလွှားမှာ နေရပ်စွန့်ခွါ ထွက်ပြေးသူ နှစ် သိန်းကျော်နေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ” ဖေဖေါ်ဝါရီလ ၁ ရက် နေ့ကစပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကချင်ပြည်နယ်မှာ ဒီညကစပြီး အင်တာနက်ဖြတ်တောက်လိုက်ပြီ

၂၀ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ ဆက်သွယ်ရေးတာဝိုင်တိုင် ၅၀ ကျော်ကနေ အင်တာနက်ကွန်ယက်တွေကို ပိတ်ပစ်လိုက်ဖို့ အကြမ်းဖက်စစ်အုပ်စုက ဒီနေ့ည ၈ နာရီမှာ ညွှန်ကြားခဲ့တယ်လို့ တယ်လီနောဝန်ထမ်းတဦးက DNA ကိုပြောပါတယ် ။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဩဂုတ်လကုန်ထိ အများပြည်သူ အလုပ်ပိတ်ရက်ထပ်တိုး

၂၀ ၊ ဩဂုတ်လ ၊ ၂၀၂၀ ။ အကြမ်းဖက်စစ်အုပ်စုက ကိုဗစ်ရောဂါ ကူးစက်မှုကို ကွင်းဆက်ဖြတ်တောက်နိုင်ဖို့ဆိုကာ အကြမ်းဖက်စစ်အုပ်စုက အများပြည်သူ အလုပ်ပိတ်ရက်ကို ဩဂုတ်လ ၂၃ရက်နေ့ကနေ ဩဂုတ်လ ၃၁ရက်နေ့အထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ပါတယ်။ ဘဏ်လုပ်ငန်းတွေကလွဲပြီးတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နွေဦးတော်လှန်ရေးကာလ ကျဆုံးပြည်သူ တထောင်ကျော်ရဲ့အချက်အလက်တွေကို စုဆောင်းရရှိထားတယ်လို့ AAPP ပြော

၂၀၊ ဩဂုတ်လ၊ ၂၀၂၁။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ခြောက်လကျော်ကာလအတွင်း တိုင်းနဲ့ပြည်နယ်အသီးသီးက ကျဆုံးပြည်သူ ၁၀၀၇ ဦးရဲ့အချက်အလက်တွေကို စုဆောင်းရရှိထားတာဖြစ်ပါတယ်။ သြဂုတ် ၁၉ ရက်အထိ စာရင်းရရှိထားသူတွေထဲမှာ ရန်ကုန်မြို့ ကအများဆုံးနဲ့ ကျဆုံးပြည်သူ ၂၄၀ ဦးရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်ရဲစခန်းက တပ်ကြပ်ကြီးတစ်ဦး လက်နက်နဲ့ထွက်ပြေးလာပြီး PDFနဲ့ပူးပေါင်း

၂၀ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ ယင်းမာပင်မြို့နယ် မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်သူ မောင်သံဟာ ဩဂုတ်လ ၂၀ရက်နေ့ နံနက် ၃နာရီခန့်က စခန်းကနေ လက်နက်နဲ့တကွ ထွက်ပြေးလာပြီး ယင်းမာပင် PDFနဲ့ ပူးပေါင်းခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၆ဦးသေဆုံး

၂၀ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ ပုသိမ်မြို့မှာ သြဂုတ်လ ၂၀ရက်နေ့က ကိုဗစ်လူနာ (၆)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ဒီနေ့မှာပုသိမ်ဆေးရုံကနေ သေဆုံးသူ(၂)ဦးနဲ့နေအိမ်တွေမှာ သေဆုံးခဲ့သူ (၄)ဦးရှိခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]