ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၆ဦးသေဆုံး

၂၀ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ပုသိမ်မြို့မှာ သြဂုတ်လ ၂၀ရက်နေ့က ကိုဗစ်လူနာ (၆)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ဒီနေ့မှာပုသိမ်ဆေးရုံကနေ သေဆုံးသူ(၂)ဦးနဲ့နေအိမ်တွေမှာ သေဆုံးခဲ့သူ (၄)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၇၂)ဦးအပါအ၀င် စုစုပေါင်း (၁၀၈၂)ဦးထိရှိလာပြီ ဖြစ်ပါတယ်။