ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းအစိုးရအဖွဲ့ရုံးက ဒုဦးစီးမှူးတစ်ဦး အဖမ်းခံရ

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ဒုဦးစီးမှူးတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ရုံးတွင်း သတင်းအရင်းအမြစ်တွေက Delta News Agencyကို ပြောပါတယ်။ စက်တင်ဘာလ ၂၈ရက်နေ့က ရုံးတက်နေစဉ်အတွင်း ဌာနအကြီးအကဲခွင့်ပြုချက်နဲ့ ရဲနဲ့စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

စားသောက်ကုန်ကလွဲ ကျန်လုပ်ငန်း ရာခိုင်နှုန်း၇၀ကျော် ရပ်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ စားသောက်ကုန်ကလွဲလို့ ကျန်လုပ်ငန်းစုစုပေါင်းရဲ့ ရာခိုင်နှုန်း၇၀ကျော်ဟာ ရပ်တန့်နေပြီလို့ ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာ အာဏာသိမ်းပြီးကတည်းက ရပ်ခဲ့ပြီး တတိယလှိုင်းကိုဗစ်ဒဏ် သည်းထန်စွာခံလိုက်ရတဲ့အချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းအားလုံးနီးပါး ရပ်သွားခဲ့တာပါလို့ ရန်ကုန်မြို့နေ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ‘အခုကတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန်ဒေါ်လာဈေးကွက် ကြိုက်ရောင်းကြိုက်ဝယ်ပုံစံနဲ့ ဈေးဆက်တက် 

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ဒီနေ့ရဲ့ ငွေကြေးအရောင်းအဝယ် ဈေးကွက်ဟာ အမေရိကန်တစ်ဒေါ်လာကို ကျပ်၂၆၀၀ကနေ ၃၀၀၀ကြားမှာ ကြိုက် ရောင်းကြိုက်ဝယ်ပုံစံနဲ့စခန်းသွားနေပါတယ်။ နာမည်ကြီးငွေလဲစင်တာတစ်ခုက အမေရိကန်တစ်ဒေါ်လာပေါက်ဈေး ကို ကျပ်၂၃၀၀လို့ ဒီနေ့ညနေပိုင်း မှာ သတ်မှတ်ခဲ့ပေမဲ့ အမှန်တကယ်အရောင်းအဝယ်မလုပ်ဘူးလို့ ရန်ကုန်မြို့၊ရွှေဘုံသာလမ်းအခြေစိုက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားရဲ့ အသံထက်ငါးဆပိုမြန်တဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအောင်မြင်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကြားကပဲ အသံထက် ငါးဆလောက် မြန်တဲ့ နျူကလီးယားစွမ်းအင်သုံး ဒုံးကျည်စမ်းသပ်မှုကို အောင်အောင်မြင်မြင်နဲ့ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ SkyNews သတင်းဌာနက ဖော်ပြပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်းကို [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

စီးပွားရေးအထိခိုက်ဆုံးနိုင်ငံတွေထဲ မြန်မာပါဝင်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ အာရှပစိဖိတ်ဒေသက စီးပွားရေးအထိခိုက်ဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင်တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံစီးပွားရေးဟာ ၁၈ရာခိုင်နှုန်းကျုံသွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး ဆင်းရဲနွမ်းပါးသူ တွေ ပိုများလာလိမ့်မယ်လို့လည်း ပြောပါတယ်။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်းမှာ မြန်မာနိုင်ငံဟာ အလုပ်လက်မဲ့နှုန်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စက်သုံးဆီ ပြတ်လပ်သွားပြီး မြောင်းမြက ဆီဆိုင်အချို့ ပိတ်လိုက်ရ

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ မြောင်းမြမြို့က စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်သွားပြီး ဆီဆိုင်အချို့ ယာယီပိတ်ထားလိုက်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ဆီကုန်သွားလို့ ပိတ်ထားတာ မဖြစ်နိုင်ဘူး၊ မနက်ထဲက ပိတ်ထားတာ ဆီကုန်နေတယ်လို့ အကြောင်းပြပြီးတော့ ဘုရားချောင်းအဆင်းကဆိုင်ရော ပတ်လမ်းကဆိုင်တချို့ရော ပိတ်ထားတယ်၊ ကားကြီးတွေကိုပါ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နွေဦးထီရဲ့ ကံထူးရှင်ရွေးချယ်ပွဲကိုအောက်တိုဘာ ၁ရက်နေ့မှလုပ်မယ်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ရောင်းချပေးခဲ့တဲ့ အောင်လံလွှင့်ချီ နွေဦးထီရဲ့ ကံထူးရှင်ရွေးချယ်ပွဲကို အောက်တိုဘာလ ၁ရက်နေ့ မနက် ၉နာရီမှာ ပြုလုပ်သွားမယ်လို့ NUGက ကြေညာလိုက်ပါတယ်။ ကံထူးရှင်တွေကို စီမံကိန်း၊ ဘဏ္ဍာရေး နှင့်ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရေကြီးမှုဘေးအန္တရာယ်ဟာ ထိုင်းနိုင်ငံအတွက် အဓိက ပြဿနာဖြစ်လာ 

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိုင်းင်ငံမှာ မိုးအလွန်ကြီးခဲ့တာကြောင့် ဒေသတော်တော်များများမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာနေရသူတွေ များပြားလာခဲ့ပါတယ်။ လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဟာ ရေလွှမ်းမှုအန္တရာယ်အတွက် မနေ့က သတိပေးချက်တွေ ထပ်မံထုတ်ပြန်ခဲ့ပြီး ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချယ်ရီထက်ဖမ်းဆီးခံရတဲ့သတင်း ရဲတပ်ဖွဲ့ဝင်တွေကြား ရိုက်ခတ်မှုပြင်း

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်ကိုယ်ရံတော် ချယ်ရီထက် ဖမ်းဆီးခံရတာဟာ ရဲတပ်ဖွဲ့ဝင်တွေ ကြား ရိုက်ခတ်မှုကြီးမားခဲ့တယ်လို့ ရန်ကုန်မြို့ပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါ တယ်။ ဒုရဲအုပ်ချယ်ရီထက်ဟာ လူမှုကွန်ရက်ကနေ တစ်ဆင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်သွယ်ခဲ့တယ်လို့ စွပ်စွဲပြီး [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

သူသာ ပီအက်စ်ဂျီအသင်းသားဖြစ်နေရင် မက်ဆီကို လှဲပြီး ဘောလုံးလမ်းကြောင်း ကာခိုင်းမှာမဟုတ်ဘူးလို့ ဖာဒီနန်ပြော

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ မက်ဆီအနေနဲ့ လူတံတိုင်းကာချိန်မှာ ကိုယ်ခန္ဓာကိုမြေပြင်ပေါ်လှဲပြီး အသင်းအတွက် ကာကွယ်ပေးခဲ့ပါတယ်။ ဒီအခိုက်အတန့်နဲ့ ပတ်သက်ပြီး ပရိသတ်တချို့အပြင် ဘောလုံးသုံးသပ်သူတချို့က ဝေဖန်နေကြပေမယ့်လည်း တချို့ကတော့ မက်ဆီရဲ့ စိတ်နေသဘောထားကို [ဆက်လက်ဖတ်ရှုရန်]