စီးပွားရေးအထိခိုက်ဆုံးနိုင်ငံတွေထဲ မြန်မာပါဝင်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

အာရှပစိဖိတ်ဒေသက စီးပွားရေးအထိခိုက်ဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင်တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံစီးပွားရေးဟာ ၁၈ရာခိုင်နှုန်းကျုံသွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး ဆင်းရဲနွမ်းပါးသူ တွေ ပိုများလာလိမ့်မယ်လို့လည်း ပြောပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်းမှာ မြန်မာနိုင်ငံဟာ အလုပ်လက်မဲ့နှုန်း အများဆုံးဖြစ်လာလိမ့်မယ်လို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့သလို အကြမ်းမဖက်အာဏာဖီ ဆန်ရေးလှုပ်ရှားမှုတွေကြောင့် လုပ်ငန်းခွင်ဝင်သူတွေနည်းသွားတယ်လို့ အရှေ့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ရဲ့ စီးပွားရေးအကြံပေးချုပ် Aaditya Mattoo ကပြောပါတယ်။

အရှေ့အာရှနဲ့ပစိဖိတ်ဒေသတွင်း စီးပွားရေးပြန်လည်ဥ◌ီးမော့လာမယ့်အခြေအနေဟာ Deltaကိုဗစ် ကြောင့် နောက်ကြောင်းပြန်လှည့်နေတယ်လို့ ထောက်ပြထားတာပါ။

စက်တင်ဘာနောက်ဆုံးပတ်အတွင်း ကျပ်ငွေတန်ဖိုးသိသိသာသာကျဆင်းနေပြီး တစ်ဒေါ်လာပေါက်စေ◌ျး ကျပ်၃၀၀၀လောက်အထိ ဆက်လက်မြင့်တက်နိုင်တယ်လို့ ငွေကြေးစေ◌ျးကွက်ကျွမ်းကျင်သူ တစ်ဥ◌ီး က ပြောပါတယ်။

‘သူများနိုင်ငံတွေက ကိုဗစ်ဒဏ်ပဲခံရတာ။ကျွန်တော်တို့နိုင်ငံကျတော့ စစ်တပ်အာဏာသိမ်းလိုက်တာရော၊ကို ဗစ်ရော မင်းအောင်လှိုင်တို့ စီမံခန့်ခွဲမှုညံ့ဖျင်းပြီး ဘာမှမလုပ်တတ်တာရောပေါ့။ကျွန်တော်တို့က ဖြောင့်လက် သီးတွေနဲ့ချည်း တကယ့်နေရာကို ၃ခါအထိုးခံရတာဆိုတော့ ဒီကောင်တွေမြန်မြန်မပြုတ်ရင် သူဌေးတွေပါ မွဲသွားနိုင်တယ်’လို့ သူကပြောပါတယ်။

ကျပ်ငွေတန်ဖိုးဆက်တိုက်ထိုးဆင်းနေတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေတောင် ဘာမှမလုပ်ဘဲ လက်မှိုင် ချနေရတယ်လို့ သူကဆက်ပြောပါတယ်။