ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းအုပ်ကြီး ၄၄ဦးနုတ်ထွက်

၉ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။ ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်မှာ  ၃ ရက်အတွင်း အုပ်ချုပ်ရေးမှူး ၄၄ ဦး နုတ်ထွက်ခဲ့တယ်လို့သိရပါတယ်။  ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan)က အုပ်ချုပ်ရေးမှူးတွေ တာ၀န်ကနေနုတ်ထွက်ကြဖို့ အောက်တိုဘာ၃ရက်နေ့မှာ ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီးနောက် အောက်တိုဘာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ငြိမ်းချမ်းရေးနိုဘယ်ဆုကို သတင်းစာဆရာနှစ် ဦး ဆွတ်ခူး

၉ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။ နော်ဝေ နိုဘယ်ဆုကော်မတီဟာ ၂၀၂၁ ခုနှစ်ရဲ့  ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် သတင်းစာဆရာ နှစ်ဦးကို ရွေးချယ်ခဲ့ပြီး ပူးတွဲ ဆုချီးမြှင့်ခဲ့ပါတယ်။  ဒီဆုကို ဖိလစ်ပိုင်က အမျိုးသမီးသတင်းစာဆရာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို စစ်ကောင်စီက ၅၀၅(ခ)နဲ့ ထောင် ၂နှစ်ချ

၈၊ အောက်တိုဘာလ၊ ၂၀၂၁။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို အကြမ်းဖက် စစ်အုပ်စုက ၅၀၅(ခ)နဲ့ တရားစွဲဆိုထားတဲ့အမှုနဲ့ ပက်သက်ပြီး ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၈ရက်နေ့ မနက်ပိုင်းမှာ စစ်တွေအကျဉ်းထောင်တွင်း အထူးတရားရုံးကနေ အမိန့်ချလိုက်တာလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခုခံတော်လှန်စစ်ကြေညာပြီး သုံးပတ်ကျော်အတွင်း တိုက်ပွဲအကြိမ် ၅၀ ကျော်ရှိခဲ့တယ်လို့ ISP ထုတ်ပြန်

၈၊ အောက်တိုဘာလ၊ ၂၀၂၁။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက်ပိုင်း စက်တင်ဘာ ၈ ရက်ကနေ ၃၀ ရက်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ၅၁ ကြိမ်ထက်မနည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြ ပညာဇေယျုံကျောင်းတိုက်ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး သံဃာတစ်ပါးကို ဖမ်းဆီး

၈၊ အောက်တိုဘာလ၊ ၂၀၂၁။ မြောင်းမြမြို့ အမှတ်(၈)ရပ်ကွက် မြဂုဏ်ရည်လမ်းမှာရှိတဲ့ ပညာဇေယျံကျောင်းတိုက်ကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး သံဃာတစ်ပါးကို လူဝတ်လဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၈ရက်နေ့ နေ့လည် ၁၁နာရီခန့်မှာ စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

Uncategorized

လာမယ့်နှစ် မြန်မာ့စီးပွားရေးအလားအလာ ADB မခန့်မှန်းနိုင်

၈၊ အောက်တိုဘာ၊ ၂၀၂၁။ နိုင်ငံတွင်းအခြေအနေ မတည်ငြိမ်မှု တွေကြောင့် ၂၀၂၂ ခုနှစ်အတွက် မြန်မာ့စီးပွားရေးအလားအလာကိုအာရှဖွံ့ဖြိုးရေးဘဏ်( ADB) က ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိပါဘူး။ အမေရိကန် ဒေါ်လာဈေး သိသိသာသာ မြင့်တက်ပြီး ငွေကြေး ဖောင်းပွမှုနှုန်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အနောက်အုပ်စုရဲ့ မြန်မာ့အရေးရပ်တည်ချက် ထူးထူးခြားခြား ပြောင်းလဲလာ

၈၊ အောက်တိုဘာလ၊ ၂၀၂၁။ အနောက်နိုင်ငံတွေရဲ့ မြန်မာ့အရေး ရပ်တည်ချက်ဟာ ထူးထူးခြားခြား ပြောင်းလဲလာနေပြီလို့အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာကိုယ်စား လှယ် ဒေါက်တာထွန်းအောင်ရွှေက ပြောပါတယ်။ နိုင်ငံပေါင်း၂၇နိုင်ငံပါဝင်တဲ့ ဥရောပပါလီမန်ရဲ့ အောက်တိုဘာ၇ရက်နေ့အစည်းအဝေးမှာ မြန်မာစစ်အုပ်စုအာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချပြီး NUGအစိုးရနဲ့ CRPHလွှတ်တော်ကိုထောက်ခံအားပေးလက်ခံကြောင်းအပါအ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုက KNUထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားနေပြီး လူ့အခွင့်အရေးချိုးဖောက်

၈၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်ဝအုဝပ်စုက ၅လတာ အပစ်အခတ်ရပ်ဆဲမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပေမဲ့ သူတို့ကိုယ်တိုင်စတင်ပြီး KNUထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNUက သတင်းထုတ်ပြန်လိုက်ပါတယ်။ စစ်အုပ်စုရဲ့ စစ်ရေးလှုပ်ရှားမှုတွေအဖြစ် အောက်တိုဘာလ ၁ရက်နေ့က ဒူးပလာယာခရိုင်အတွင်းမှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာရေတပ်အရာရှိတွေကို ယူကရိန်း ပြည်ဝင်ခွင့်မပေးဖို့ Justice For Myanmar တောင်းဆို

၈၊ အောက်တိုဘာလ၊ ၂၀၂၁။ မြန်မာ့ရေတပ်အရာရှိတွေကို ပြည်ဝင်ခွင့်မပေးဖို့ Justice For Myanmar ကယူကရိန်းအစိုးရကို  မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။ မြန်မာ့ရေတပ်ကိုယ်စားလှယ် ၁၈ ဦးတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းယူကရိန်းနိုင်ငံ၊ Kyiv လေဆိပ်ကနေ လှည့်ပြန်ခဲ့ရပြီးနောက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟားခါး မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းမလုံလောက်ဆိုကာ ပင်စင်ထုတ်မပေး

၈၊ အောက်တိုဘာလ၊ ၂၀၂၁။ ဟားခါးမြို့မှာ မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းမလုံလောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်တင်ဘာလအတွက် ဝန်ထမ်းပင်စင်တွေကို ထုတ်မပေးဘူးလို့ သိရပါတယ်။ “စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းကတည်းက ဘဏ်ရှေ့မှာတန်းစီကြတယ်။ ၁၅ ယောက်တတွဲအထဲကိုဝင်ကြတယ်။ ရှေ့ကဝင်သွားတဲ့လူတွေ ပိုက်ဆံထုတ်လို့ [ဆက်လက်ဖတ်ရှုရန်]