လာမယ့်နှစ် မြန်မာ့စီးပွားရေးအလားအလာ ADB မခန့်မှန်းနိုင်

၈၊ အောက်တိုဘာ၊ ၂၀၂၁။

နိုင်ငံတွင်းအခြေအနေ မတည်ငြိမ်မှု တွေကြောင့် ၂၀၂၂ ခုနှစ်အတွက် မြန်မာ့စီးပွားရေးအလားအလာကိုအာရှဖွံ့ဖြိုးရေးဘဏ်( ADB) က ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိပါဘူး။

အမေရိကန် ဒေါ်လာဈေး သိသိသာသာ မြင့်တက်ပြီး ငွေကြေး ဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်နေမယ်လို့ ADB အစီရင်ခံစာက သုံးသပ်ထားတယ်လို့Institute for Strategy and Policy -Myanmar ကဖော်ပြပါတယ်။

စက်တင်ဘာနောက်ဆုံးပတ်အတွင်း ဒေါ်လာစေ◌ျးသိသိသာသာမြင့်တက်ခဲ့ပြီး အခုပြန်လည်ကျဆင်း နေပြီဖြစ်ပေမဲ့ စေ◌ျ’ပြန်တက်လိမ့်မယ်လို့ အီလက်ထရောနစ်လုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပါတယ်။

‘အရင်စစ်အစိုးရတုန်းကလိုပဲ ဒေါ်လာစေ◌ျးခေါင်ခိုက်လာတော့ ဒေါ် လာစေ◌ျးကွက်က ဆရာကြီးတချို့ကိုဖမ်းတယ် လို့ကြားတယ်။ပြီးတော့ ပို့ကုန်ရတဲ့နိုင်ငံခြားငွေ တွေကိုလက်ခံရရှိပြီး တစ်လအတွင်းပြန်ရောင်းရမယ်တို့ဘာတို့ပေါ့၊ဆေးမြီး တိုကုထုံးတွေနဲ့ ‌ဒေါ်လာစေ◌ျးကိုပြန်ဆွဲချတာ ခဏတော့ကျမှာပေါ့။တကယ်တမ်းကတိုင်းပြည်မှာ နိုင်ငံခြားဝင်ငွေက မရှိတော့ ဒေါ်လာစေ◌ျးတွေ ပြန်တက်လာမှာ’လို့ သူကပြောပါတယ်။

အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ကိုဗစ် ကပ်ရောဂါကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ဆုတ်ယုတ်မှုတွေကြောင့် ဒီနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကဏ္ဍအားလုံးမှာ ဖွံ့ဖြိုးမှု နှေးကွေးသွားမယ် လို့ စက်တင်ဘာ ဒုတိယပတ်မှာ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)က ထုတ်ပြန်ခဲ့တဲ့ “ ဖွံ့ဖြိုးမှုညွှန်းကိန်းများ ကြိုတင်ခန့်မှန်းမှု” အစီရင်ခံစာမှာ ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းဟာ ကျန်တဲ့ အာဆီယံ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးဆိုးရွားရွားပဲ အနုတ်လက္ခဏာ ပြနေပြီး ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၅၄ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့လည်းသိရပါတယ်။
ရန်ကုန်မြို့မှာ စားသောက်ကုန်လုပ်ငန်းကအပ ကျန်လုပ်ငန်းအားလုံးရဲ့ ရာခိုင်နှုန်း၇၀ကျော်ဟာ ရပ်နေပြီလို့ ရန်ကုန်အခြေစိုက်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

‘ကျွန်တော်တို့ကုမ္ပဏီဆို နားထားတာ ကြာပြီ။အခုမနားဘဲလုပ်နေသူတွေက ငွေကြေးဖောင်းပွလွန်းလို့ အလုပ် လုပ်မှ ရှုံးတဲ့ဘဝ ရောက်နေတယ်’လို့ သူကဆက်ပြောပါတယ်။

ကိုဗစ် ကြောင့် နာလံမထူနိုင် ဖြစ်ခဲ့ပြီးနောက် စစ်အာဏာ သိမ်းပြီး လပိုင်းအတွင်းမှာပဲ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာနဲ့ကတိကဝတ် ပြုထားတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ တွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်း ထုတ်ကုန် (ဂျီဒီပီ) ကလည်း အခု ဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ် လို့လည်း Oxford Economics က ခန့်မှန်းထားပါတယ်။

အာဏာမသိမ်းခင်က တစ်ဒေါ်လာပေါက်စေျး ၁၃၉၀ဝန်းကျင်ရှိခဲ့ပြီး အောက်တိုဘာ၈ရက်နေ့ပေါက်စေ◌ျးကတော့ ကျပ်၂၁၄၀ဝန်းကျင်ရှိပါတယ်။