ခရမ်းအုပ်ကြီး ၄၄ဦးနုတ်ထွက်

၉ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်မှာ  ၃ ရက်အတွင်း အုပ်ချုပ်ရေးမှူး ၄၄ ဦး နုတ်ထွက်ခဲ့တယ်လို့သိရပါတယ်။

 ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan)က အုပ်ချုပ်ရေးမှူးတွေ တာ၀န်ကနေနုတ်ထွက်ကြဖို့ အောက်တိုဘာ၃ရက်နေ့မှာ ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီးနောက် အောက်တိုဘာ ၆ရက်၊ ၇ရက်နဲ့ ၈ ရက်နေ့ တို့မှာ အုပ်ချုပ်ရေးမှူး ၄၄ ဦးနုတ်ထွက်ခဲ့တယ်လို့ ဒေသခံလူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Khayan Channel ကဖော်ပြပါတယ်။

  နုတ်ထွက်အုပ်ချုပ်ရေးမှူးတွေထဲမှာ ခရမ်းမြို့ပေါ် ၁၃ရပ်ကွက်စလုံးက အုပ်ချုပ်ရေးမှူးတွေပါဝင်ပြီးအောက်တိုဘာလ ၈ ရက်နေ့မှာ ခရမ်းမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၃ ဦးနုတ်ထွက်ခဲ့တယ်လို့လည်းသိရပါတယ်။

 ‘ဒါဟာ ကျွန်တော်တို့ခရမ်း PDF ရဲ့ စွမ်းဆောင်ရည်ကြောင့်ပါ။ခရမ်းPDF ရဲ့ရိုက်ချက်တွေက စစ်ခွေးတွေ ဖိနှိပ်တဲ့ကြားထဲက လက်သံပြောင်လွန်းတယ်မဟုတ်လား။ပြီးတော့ ခရမ်းမြို့သားတွေကလည်း အာဏာရှင် ကိုပြတ်ပြတ်သားသားဆန့်ကျင်တာရောပေါ့။အဲဒါကြောင့် အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်တာ။သတ်မှတ်ရက် အတွင်းပြောထားရက်နဲ့နုတ်မထွက်တဲ့လူကတော့ စစ်တပ်ရဲ့ အမာခံထောက်တိုင်ပဲ။တစ်ခုခုဖြစ်ရင် ဘယ်သူမှ မသနားဘူး’လို့ ခရမ်းမြို့ပေါ်နေတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

 ခရမ်းမြို့နယ်မှာကျေးရွာ ၅၆ ရွာရှိတဲ့အနက် ၂၈ ရွာက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ခဲ့ကြတာပါ။

 ခရမ်းPDF က အောက်တိုဘာ၁၈ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ဖို့ သတိပေးထားပါတယ်။

 ခရမ်းမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှူးအစုလိုက်အပြုံလိုက်နုတ်ထွက်ကြတဲ့မြို့ဖြစ်ပါတယ်။

Delta News

Read Previous

ငြိမ်းချမ်းရေးနိုဘယ်ဆုကို သတင်းစာဆရာနှစ် ဦး ဆွတ်ခူး

Read Next

တပ်မတော်သား၃ဦး ပြည်သူ့ရင်ခွင်ခိုလှုံ