တပ်မတော်သား၃ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

၉ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

တပ်မတော်သား ၃ ဦး ပြည်သူ့ရင်ခွင် ဝင်ရောက်ခိုလှုံခဲ့တယ်လို့ ပြည်သူ့ရင်ခွင်(ဝက်လက်)က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ပြည်သူ့ရင်ခွင်(ဝက်လက်)ဆီကိုအောက်တိုဘာ ၈ ရက်နေ့က လာရောက်ခိုလှုံ ကြတာပါ။

အဲဒီတပ်မတော်သား ၃ ဦးဟာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်က ဖြစ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေစစ်ဆင်ရေး ထွက်ခွာလာချိန် လမ်းခုလတ်ကနေ ပြည်သူ့ရင်ခွင်(ဝက်လက်)ထံ ပြည်သူ့ရင်ခွင်ခိုလှုံ လိုကြောင်းဆက်သွယ် အကြောင်းကြားလာတာပါ။

သူတို့၃ဦးကို လိုအပ်တဲ့ ငွေကြေးအကူအညီတွေ ပေးအပ်ပြီး ၂၄ နာရီအတွင်း လွတ်မြောက်နယ်မြေသို့ အန္တရာယ်ကင်းရှင်းစွာ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ရင်ခွင်(ဝက်လက်)က ဆိုပါတယ်။

ပြည်သူ့ရင်ခွင်(ဝက်လက်) လူမှုကွန်ရက်စာမျက်နှာကနေ  ပြည်သူ့တပ်မတော်သားတွေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ စက်တင်ဘာ ၂၅ ရက်နေ့က ကြေညာခဲ့ပြီးနောက် ပထမဆုံးအနေနဲ့ တပ်မတော်သား ၃ ဦး စတင်ခိုလှုံခဲ့တာပါ။