အာဖဂန်ဗလီတစ်ခုမှာ အိုင်အက်စ်တွေ အသေခံဗုံးခွဲတိုက်ခိုက်လို့ လူ ၇၀ကျော်သေဆုံး

၉ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

အာဖဂန်နစ္စတန်အရှေ့မြောက်ပိုင်း၊ ခွန်ဒက်ဇ်ပြည်နယ် ဗလီတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် လူ ၄၆ ဦး သေဆုံးပြီး ၁၄၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရပိုင် Bakhtar သတင်းဌာက ဖော်ပြပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ နိုင်ငံမှာ တပတ်အတွင်း သုံးကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်ပြီး ဒေသခံ ကျန်းမာရေးအဖွဲ့ကတော့ လူပေါင်း ၇၀ နဲ့ ၈၀ အကြားသေဆုံးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ သူ့တို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုအတွက် အထူးစိုးရိမ်ကြောင်းပြောကြားပြီး ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ တိုက်ခိုက်မှုအတွက် ပြင်းပြင်းထန်ရှုတ်ချထားပါတယ်။ 

ဗီဒီယိုမှတ်တမ်းတွေအရတော့ ဗလီအတွင်းမှာ ပျက်စီးမှု အများအပြားနဲ့ သွေးကွက်တွေ ပြန့်ကျဲနေတာကို တွေ့မြင်ခဲ့ရပါတယ်။ 

အခုအခါမှာ တိုက်ခိုက်မှုအတွက် စုံစမ်းမှုတွေပြုလုပ်နေပြီဖြစ်ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိရင် အပြစ်ပေး အရေးယူမှာ ဖြစ်တယ်လို့ တာလီဘန်ဘက်က ပြောကြားထားပါတယ်။ 

တာလီဘန်တွေဟာ အာဖဂန်ကို သိမ်းပိုက်ပြီးနောက် အစွန်းရောက်အဖွဲ့တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ သူတို့အတွက် အရင်ဆုံးတွေ့ကြုံနေရတဲ့ လုံခြုံရေး စိန်ခေါ်မှုတစ်ခုလို ဖြစ်နေခဲ့တာပါ။