ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး(ငြိမ်း) ကွယ်လွန်

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး(ငြိမ်း) ဦးတင်စောဟာ အောက်တိုဘာလ ၁၂ရက်နေ့ ည ၁၀နာရီအချိန်မှာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ဝန်ကြီး(ငြိမ်း)ဦးတင်စောဟာ အကြမ်းဖက်စစ်အုပ်စုက စတင်အာဏာသိမ်းယူချိန်မှာ ထိန်းသိမ်းခံထားရပြီးနောက်မှာ ကျန်းမာရေးကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုးစစ်သတင်းကြောင့် ယင်းမာပင်ပြည်သူတွေ သတိရှိကြဖို့ PDF ပြော

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုဟာ အောက်တိုဘာ၁၅ရက်နေ့မှာ ထိုးစစ်ဆင်မယ်လို့ သတင်းရရှိထားတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ စစ်ကိုင်းတိုင်း၊ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့ထုတ်ပြန်လိုက် ပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုစခန်းချရာနေရာအနီးနဲ့ လမ်းဘေးဝဲယာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ ဘေး လွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ‘၁၅ရက်နေ့ဆိုတာ ကျွန်တော်တို့လည်းသတင်းကြားပါတယ်။သတိရှိဖို့လည်းလိုပါတယ်။အခုလောလော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဆီယံအထူးသံတမန် ဘယ်သူ့ကိုမဆို တွေ့နိုင်အောင် စစ်အုပ်စုစီစဉ်ပေးဖို့ အီးယူတောင်းဆို

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ အာဆီယံအထူးသံတမန် တွေ့ဆုံလိုတဲ့ မည်သူ့ကိုမဆို လွတ်လပ်စွာတွေ့ဆုံနိုင်အောင် အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ဆောင်ရွက်ပေးရမယ်လို့ ဥရောပသမဂ္ဂကတောင်းဆိုလိုက်ပါတယ်။ အာဆီယံအထူးသံတမန်ရဲ့ ဆောင်ရွက်ချက်တွေကို ပံ့ပိုးကူညီရေးနဲ့စပ်လျဉ်းပြီး ဥရောပသမဂ္ဂကိုယ်စားအထူးကိုယ်စားလှယ်ရဲ့ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂရုံးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ အာဆီယံအထူးသံတမန်က မြန်မာနိုင်ငံသို့ ပုံမှန်လာရောက်ရာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းဟာ ရပ်​ကျေးအုပ်ချုပ်​ရေးအဖွဲ့ဝင် နုတ်ထွက်မှု အများဆုံးဖြစ်

၁၃၊ အောက်တိုဘာလ၊၂၀၂၁။ စစ်ကိုင်းတိုင်းဟာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နုတ်ထွက်မှုအများဆုံးဖြစ်တယ်လို့ စစ်တမ်းအရ သိရပါတယ်။ အောက်တိုဘာ၁၁ရက်နေ့အထိ ကောက်ယူထားတဲ့ စစ်တမ်းအရ စစ်ကိုင်းတိုင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်၁၆၂ဉီး နုတ်ထွက်ထားပြီး ဒုတိယအများဆုံးကတော့ ၉၇ဦးနုတ်ထွက် ထားတဲ့ရန်ကုန်တိုင်းဖြစ်ပါတယ်။ တတိယအများဆုံးမှာ ၅၈ဦးနုတ်ထွက်ထားတဲ့မကွေးတိုင်းဖြစ်ပြီး ပဲခူးတိုင်း-အယောက်၂၀၊ ကရင်ပြည်နယ်၁၀ဦး၊ရခိုင်ပြည်နယ်-၇ဦး၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကိုဗစ်ကာလအတွင်း ချမှတ်ထားတဲ့ ခရီးသွားကဏ္ဍကန့်သတ်ချက်တချို့ကို အမေရိကန် ဖြေလျှော့မယ်

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ အမေရိကန် ပြည်ထောင်စုဟာ ကိုဗစ်ကာလအတွင်းချမှတ်ထားတဲ့ ခရီးသွားကဏ္ဍကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးသွားတော့မှာဖြစ်ပါတယ်။ ဒီဖြေလျှော့မှုမှာ ကနေဒါနဲ့ မက္ကဆီကို နယ်စပ်ကနေ ဝင်ရောက်သွားလာမှုတွေက အဓိက ပါဝင်မှာဖြစ်တာကြောင့် လာမယ့် နိုင်ဝင်ဘာလဆန်းလောက်ကနေစတင်ပြီး အဲ့ဒီက ခရီးသွားဧည့်သည်‌တွေကို အမေရိကန်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမှာ စစ်ကားမိုင်းထိ၊တစ်ဦး ပွဲချင်းပြီးသေ

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ မကွေးတိုင်း၊ရေစကြိုမြို့နယ်အတွင်း စစ်ကားတစ်စီးမိုင်းထိခဲ့ရာ တစ်ဦးသေ၊၄ဦး ဒဏ်ရာရ ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်။ ဒီနေ့မနက်၈နာရီ ခွဲလောက်က  ရေစကြိုမြို့နယ်၊ရွှေချောင်းကျေးရွာ အနီး မှာအကြမ်းဖက်စစ်အုပ်စုတပ်သားတွေ စီးနင်းလာတဲ့ စစ်ကား (၂ )စီးကို ဒေသခံ မဟာမိတ်ပြောက်ကျား၁၀ဖွဲ့တို့ပူးပေါင်းပြီး [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

မန်ယူနဲ့အင်္ဂလန်အသင်းအတွက် ကစားပေးနေချိန်မှာ စိတ်ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ခဲ့ရတယ်လို့ ဝိန်းရွန်းနီဖွင့်ဟ

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ ဒါဘီကောင်တီနည်းပြ ဝိန်းရွန်းနီက သူ့အနေနဲ့ အသင်းဟောင်း မန်ယူအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားပေးနေချိန် ကာလအတွင်းမှာ စိတ်ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အဲ့ဒီကာလတွေမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ ဖိအားတွေ ပြင်းပြင်းထန်ထန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တင့်ကားအပါအဝင် စစ်အင်အားအများအပြား ဖလမ်းသို့ရောက်လာ

၁၃၊အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုတပ်ဟာ တင့်ကားအပါအဝင်စစ်အင်အားအများအပြားနဲ့ ချင်းပြည်နယ်၊ဖလမ်း မြို့ကို ရောက်ရှိလာတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေတက်လာတဲ့ စစ်ကားအစီး ၅၀ ဟာ လမ်းမှာ ၂ ညအိပ်ပြီးနောက် မနေ့ညက ဖလမ်းမြို့ကိုရောက်ရှိလာတယ်လို့သိရပါတယ်။ ဒီမနက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်တိုင်းအတွင်း ပထမဆုံးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခရမ်းမှာစတင်

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်းအတွင်း ပထမဦးဆုံးအနေနဲ့ ခရမ်းမြို့နယ်က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ) ကိုဖွဲ့စည်းလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ခရမ်းမြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ) ကိုအောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း ခရမ်းမြို့နယ်ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ယာ ယီ)ကကြေညာပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

Netflix ရဲ့ လူကြိုက်အများဆုံး စီးရီးဖြစ်လာတဲ့ Squid Game

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ တစ်ကမ္ဘာလုံးက ပရိသတ်တွေအကြား ရေပန်းအစားဆုံးဖြစ်နေတဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲ Squid Game ဟာ Netflix မှာ လူကြိုက်အများဆုံး စီးရီးတစ်ခုဖြစ်လာပြီး လက်ရှိမှာ ကြည့်ရှုသူ ၁၁၁ သန်းအထိ ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]