Netflix ရဲ့ လူကြိုက်အများဆုံး စီးရီးဖြစ်လာတဲ့ Squid Game

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။

တစ်ကမ္ဘာလုံးက ပရိသတ်တွေအကြား ရေပန်းအစားဆုံးဖြစ်နေတဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲ Squid Game ဟာ Netflix မှာ လူကြိုက်အများဆုံး စီးရီးတစ်ခုဖြစ်လာပြီး လက်ရှိမှာ ကြည့်ရှုသူ ၁၁၁ သန်းအထိ ရှိလာခဲ့ပါပြီ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က တရားဝင်ထွက်ရှိထားတဲ့ Squid Game ဟာ Netflix မှာ ကြည့်ရှုသူ ၈၂ သန်းနဲ့ အများဆုံးဖြစ်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ Bridgerton ကို ကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။

Squid Game ဇာတ်လမ်းရဲ့ ကျောရိုးဟာ မိသားစု ပြဿနာတွေကြောင့် ငွေလိုအပ်နေတဲ့သူတွေကို Red Light၊ Green Light လို ကလေးကစားနည်းတွေပြုလုပ်ပြီး ငွေသန်းချီပြီးရနိုင်မယ့် ပြိုင်ပွဲတွေကို ဖန်တီးပေးတာပါ။

ကစားနည်းစည်းကမ်းတွေကို မလိုက်နာနိုင်သူတွေ၊ ဒါမှမဟုတ် ရှုံးနိမ့်သူတွေကတော့ ဒီဇာတ်လမ်းမှာ အသက်ဆုံးရှံးရပြီး သည်းထိတ်ရင်ဖိုဖြစ်အောင် ဒါရိုက်တာ Hwang Dong-hyuk က ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။

အပိုင်း ၉ ပိုင်းနဲ့ ထွက်ရှိခဲ့တဲ့ Squid Game ဟာ အမေရိကန်မှာပါ လူကြိုက်အများဆုံး ဖြစ်လာခဲ့ပြီး Netflix ကုမ္ပဏီကတောင် သူတို့ရဲ့ အကြီးမားဆုံး ဇာတ်လမ်းတွဲအဖြစ် ပြီးခဲ့တဲ့ အင်္ဂါနေ့က အသိပေးခဲ့ပါတယ်။

ဒါကြောင့် လက်ရှိမှာ Streaming စနစ်နဲ့ ပြသနေတဲ့ဇာတ်လမ်းတွဲတွေအနက် နိုင်ငံပေါင်း ၉၄ နိုင်ငံမှာ Top Ten List ဝင်တဲ့အထိ Squid Game ဇာတ်လမ်းတွဲက အောင်မြင်နေတာပဲဖြစ်ပါတယ်။

Delta News Agency

Read Previous

မြန်မာအတွက် ရန်ပုံငွေ မလုံလောက်လို့ နိုင်ငံတကာအနေနဲ့ အလှူငွေပိုထည့်ဝင်ကြဖို့ ကုလတိုက်တွန်း

Read Next

ရန်ကုန်တိုင်းအတွင်း ပထမဆုံးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခရမ်းမှာစတင်